ရခိုင်ပြည်နယ်ဝန်ကြီးချုပ် လိုက်ပါလာသည့် ယာဉ်တန်းဖြတ်သန်းစဉ် ပေါက်ကွဲမှုဖြစ်ပွား

နေပြည်တော် ၁ ဇန်နဝါရီ

ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် အမ်းမှ စစ်တွေသို့ မော်တော်ယာဉ်များဖြင့် သွားလာစဉ် မြောက်ဦးမြို့နယ် ပီပင်ရင်းကျေးရွာအုပ်စု လောင်းကြက်ကျေးရွာအနီး မိုင်တိုင် ၁၀၅/၁ နှင့် ၁၀၅/၂ အကြား တံတားအမှတ် (၁/၁၀၆) တံတားအတက် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင် ပေါက်ကွဲမှုများဖြစ်ပွားရာ ယာဉ်တန်းအားလုံး ထိခိုက်မှုမရှိသော်လည်း  ယာဉ်တစ်စီးမှာ အနည်းငယ်ထိခိုက်ခဲ့ကြောင်း၊ ပေါက်ကွဲမှုများကြောင့် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း ကနဦးသတင်းရရှိသည်။

ပြန်/ဆက်

 

mdn