၂၀၁၈ ခုနှစ်၏ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆာလာ (၂)နှစ်ဆက်တိုက် ဆွတ်ခူး

၉ ဇန်နဝါရီ

လီဗာပူးအသင်းနှင့် အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာသည် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်သော အာဖရိက တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

mdn

 

အသက် (၂၆)နှစ်အရွယ်ရှိ ဆာလာ သည် ဆီနီဂေါနိုင်ငံ ဒါကာမြို့မှာကျင်းပသည့် အဆိုပါဆုပေးပွဲတွင် ၎င်း၏ လီဗာပူးအသင်းဖော်ဖြစ်သည့် မာနေးနှင့် အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်း တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

 

mdn

 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ဆာလာသည် လီဗာပူးအသင်းနှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံတွင် သွင်းဂိုး ၄၄ အထိ သွင်းယူနိုင်ခဲ့သည်။ ထို့အပြင် လီဗာပူးအသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို အီဂျစ်လက်ရွေးစင်အသင်းကို ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

 

mdn

 

ယခုနှစ် ပရီးမီးယားလိဒ် ပွဲစဉ်အစမှာ ဆာလာဟာ ၁၃ ဂိုးတိတိ သွင်းယူထားပြီးဖြစ်ပါသည်။


ဆာလာသည် အာဖရိကတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း ရယူနိုင်ခဲ့သလို ဟာဒီဂျူ့ဖ်၊ အီတူးနှင့် ယာယာတိုရေးတို့ပြီးနောက် ယင်းဆုကို (၂)နှစ်ဆက်တိုက်ရရှိသည့် စတုတ္ထမြောက် အာဖရိကကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

MDN

 

mdn