လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့တွင် စပါးက ဟယ်ရီကိန်း၏ ပယ်နယ်တီသွင်းဂိုးဖြင့် ချယ်လ်ဆီးကို အနိုင်ရ

၉ ဇန်နဝါရီ

 

လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် စပါးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး စပါးအသင်းက ချယ်လ်ဆီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။


နှစ်သင်းစလုံးမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ရေးအတွက် လူစုံထုတ်ကစားခဲ့ကြပြီး ပထမပိုင်း ပွဲချိန်  ၂၆ မိနစ်တွင် တိုက်စစ်မှူး ဟယ်ရီကိန်းကို ချယ်လ်ဆီးဂိုးသမား ကယ်ပါ ဧရိယာထဲတွင် ပြစ်ဒဏ် ကျူးလွန်ခဲ့သဖြင့် စပါးအသင်းပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ယင်းဂိုးကို ဟယ်ရီကိန်းက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့သည်။


ဒုတိယပိုင်းတွင် ချယ်လ်ဆီးအသင်း ချေပဂိုးပြန်လည် ရရှိရေးအတွက် ဖိအားပေး ကစားနိုင်ခဲ့သော်လည်း စပါးနောက်ခံကစားသမားများနှင့် ဂိုးသမားတို့ အကောင်းဆုံးပုံစံဖြင့် ဟန့်တားနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် စပါးအသင်း အနိုင်ရရှိခဲ့သည်။ 


လိဂ်ဖလား ဒုတိယအကျော့အဖြစ် စပါးအသင်းသည် ချယ်လ်ဆီးအသင်း၏ စတမ်းဖို့ဒ်ကွင်းမှာ ဇန်နဝါရီလ ၂၂ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 


MDN