နိုင်ဂျီရီးယား ရထားလမ်းချော်မှု ဖြစ်ပွား လူ တစ် ဦးသေဆုံး

၁၁ ဇန်နဝါရီ

နိုင်ဂျီးရီးယား စီးပွားရေး အချက်အချာဖြစ်သော လာဂိုစ် တွင် ယမန်နေ့ အစောပိုင်းက ရထားလမ်းချော်မှု ဖြစ်ပွားရာ လူ တစ်ဦး သေဆုံးခဲ့ကြောင်း  နိုင်ဂျီးရီးယား ရထားလမ်းအဖွဲ့ က သတင်းထုတ်ပြန်ခဲ့သည်။

ထိုရထားလမ်းချော်မှုကြောင့် သေဆုံးသူမှာ  ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း လာဂိုရထားလမ်း ခရိုင်မန်နေဂျာ  ဂျာရီ အိုချီ က သတင်းထောက်များကို ပြောကြားခဲ့သည်။

ရထားသံလမ်း  ပြန်လည်ပြုပြင်မှု လုပ်ဆောင်နေကြောင်း အိုချီကဆိုသည်။
လာဂို အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ သတင်းထုတ်ပြန်ချက်အရ  ရထားတွဲတစ်တွဲ ပြုတ်ထွက်ခြင်းသည်  ရထားလမ်းချွတ်ယွင်းခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ ၎င်းရထားလမ်းချော်မှုကြောင့် ခရီးသည် အချို့ ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ က လာဂိုစ် တွင် ရထားတစ်စီး က ခရီးသည်တင် ဘတ်စ်ကားကို တိုက်မိရာ လူကိုးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို