ထိုင်ဝမ်မှာ ကုမ္ပဏီမှတ်ပုံတင်ရာတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း ရင်လတ်က ကမ်ဘောဒီးယား နိုင်ငံကူး လက်မှတ်ကို အသုံးပြု

၁၁ ဇန်နဝါရီ

ထိုင်ဝမ်မှာ ကုမ္ပဏီမှတ်ပုံတင်ရာတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း ရင်လတ်က အိမ်နီးချင်း ကမ်ဘောဒီးယားနိုင်ငံ ရဲ့ နိုင်ငံကူးလက်မှတ်ကို အသုံးပြုကြောင်း သိရပါတယ်။ 

ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ ရင်လတ်ရဲ့ နာမယ်ဟာ ဂွန်ဒေါင်းပြည်နယ်ရှိ တရုတ်ဆိပ်ကမ်းကုမ္ပဏီရဲ့ ဥက္ကဌအဖြစ် လက်တလော ပေါ်ထွက်လာကြောင်း AFP က စုံစမ်းသိရှိရပါတယ်။ ရင်လတ်တို့ မိသားစုရဲ့ ထိုင်းနိုင်ငံရေး လွှမ်းမိုးမှု ကနေ တရုတ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ နယ်ချဲ့လာတဲ့ပုံစံမျိုးလို့ ပြောနိုင်ပါတယ်။ 

mdn

ရင်လတ်နဲ့ သူ့အကို သက်ဆင်ရှင်နာဝပ်ထရာ တို့ဟာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်များ အဖြစ် ရွေးကောက်ခံ ခဲ့ရပေမယ့် သက်ဆင်ကို ၂၀ဝ၆ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းဖြုတ်ချပြီး ရင်လတ်ကိုတော့ ၂၀၁၄ မှာ အာဏာသိမ်းပြီး ဖြုတ်ချခဲ့ပါတယ်။ 

ရင်လတ်ဟာ PT ကော်ပိုရေးရှင်း ကုမ္ပဏီရဲ့ ဒါရိုက်အဖြစ် ကမ်ဘောဒီးယားနိုင်ငံကူးလက်မှတ်ကို အသုံးပြုပြီး ၂၄ သြဂုတ်၊ ၂၀၁၈ ခုနှစ်က မှတ်ပုံတင်ခဲ့ပါတယ်။ 
ဂွန်ဒေါင်းပြည်နယ်ရှိ ရှန်တိုဦး နိုင်ငံတကာကွန်တိန်နာကုမ္ပဏီမှာလည်း ဒီဇင်ဘာလ ၁၂ ရက်နေ့က ရင်လတ်ကို ကုမ္ပဏီရဲ့ ဥက္ကဌအဖြစ် တင်မြှောက်ခဲ့ကြောင်း တွေ့ရပါတယ်။ အဲဒီကုမ္ပဏီရဲ့ ရှယ်ယာ ၇၀% ရာခိုင်နှုန်းဟာ ဟောင်ကောင်ရဲ့ အချမ်းသာဆုံး လီကရှင်း ပိုင်ဆိုင်ကြောင်း စာရင်းပြထားတာကိုလည်း တွေ့ရပါတယ်။

mdn

ထိုင်းအစိုးရရဲ့ ဆန်ဝယ်ရေးမှာ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီပြီး ရင်လတ်ဟာ အလွဲသုံးစားလုပ်ခဲ့တဲ့ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ အမှုရင်ဆိုင်နေရစဉ် နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။ 

သက်ဆင်ကတော့ မွန်တီနီဂရိုးနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပြီး ဟောင်ကောင်မှာ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ထားပြီးဖြစ်ပါတယ်။ သက်ဆင်ဟာ ဒူးဘိုင်းနှင့်လန်ဒန်မှာ တလှည့်စီနေထိုင်နေကြောင်း သိရပါတယ်။ 

mdn

MDN
ကိုးကား- AFP