ရွှေတိဂုံစေတီတော် (၅၆၃) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ထုတိအနုမောဒနာဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၁၁  ဇန်နဝါရီ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က စီစဉ်ကျင်းပသော (၅၆၃) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ထုတိအနုမောဒနာ ဂုဏ်ပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာဂုဏ်ပြုလွှာများကို ပြန်လည်ပေးအပ်သည်။

 

mdn

 

ထို့နောက် ကြွရောက်လာကြသည့် ဧည့်ပရိသတ်များက ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ညောင်တုန်းပါဠိ တက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်၊ နိုင်ငံတော် ဝိနည်းဓိုရ်၊ နိုင်ငံတော် (သီးခြား)ဝိနည်းဓိုရ်) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

mdn

 

အလှူတော်ငွေပေးအပ်လှူဒါန်းပွဲတွင် ရွှေသင်္ကန်းတော် (ရွှေပြား) အလှူရှင် ၁၄၂ ဦး၊ ရွှေပြားအချပ် ၁၇၄ ချပ်၊ ငွေသားအလှူရှင် ၁၀ ဦး၊ အလှူရှင် စုစုပေါင်း ၁၅၂ ဦး ဖြစ်ပြီး လှူဒါန်းငွေကျပ် ၁၉၇၀,၈၉,၁၇၄ (ကျပ် သိန်းပေါင်းတစ်ထောင့်ကိုးရာ ခုနှစ်ဆယ် သိန်းရှစ်သောင်း ကိုးထောင့်တစ်ရာခုနှစ်ဆယ့်လေးတိတိ)ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

mdn