ဆိုလာဖြင့်ဘက်ထရီအားသွင်းရာမှ ရှော့ဖြစ်၍ နေအိမ်မီးလောင်မှုဖြစ်ပွား

မတူပီ  ၁၁ ဇန်နဝါရီ

မတူပီမြို့ စန်ဘောင်ရပ်ကွက်၊ ဘွေရားလမ်းရှိ  ဦးထန်ကုန်း နေအိမ်တွင် ငှားရမ်းနေထိုင်သူ ဦးရိုမှုန်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က နေအိမ်အတွင်း ဆိုလာဖြင့် ဘက်ထရီအားသွင်းရာမှ ရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ မီးလောင်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက လာရောက်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နေအိမ်တစ်လုံး မီးလောင်ခဲ့ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးရိုမှုန်အား မတူပီမြို့မရဲစခန်းမှ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

MDN

 

mdn