ပွင့်ဖြူ မြို့နယ်၌  စိုက်ပျိုးဆေးဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/ မရှိ စစ်ဆေး

ပွင့်ဖြူ   ၁၁  ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းသုံး စိုက်ပျိုးရေးဆေးပစ္စည်းများ စီးပွားဖြစ် ရောင်းချနေသည့် စိုက်ပျိုးရေးဆေးဆိုင်များ၌ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်သိန်း/ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်/ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စီးပွားဖြစ်  စိုက်ပျိုးရေးဆေးပစ္စည်းများ ရောင်းချရာ၌ တရားဝင် လုပ်ငန်းလိုင်စင် ပြုလုပ်၍ ရောင်းချ မှု ရှိ/ မရှိ/ သက်တမ်းကုန်ဆုံးနေသော ဆေးပစ္စည်းများ ဖြန့်ဖြူးရောင်းချနေခြင်း ရှိ/ မရှိ/ ဆေးပစ္စည်းများတွင် ပါဝင်ရမည့် စည်းကမ်းချက်များ ဖော်ပြ၍ ရောင်းချခြင်း ရှိ/ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် လုပ်ငန်းရှင်များအား တောင်သူများ သီးနှံစိုက်ခင်းများတွင် အကျိုးရှိရှိ သုံးစွဲနိုင်ရေးအတွက် သတ်မှတ် စည်ကမ်းချက်များနှင့်အညီ ရောင်းချသွားရန် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
  
ရဲဝင်းနိုင် (ညောင်ဦး)

 

mdn