ခေတ်ပြိုင်ပန်းချီဆရာ (၁၇) ဦး၏ လက်ရာပန်းချီပြပွဲ  အမျိုးသားပြတိုက် (ရန်ကုန်) တွင် ကျင်းပမည်

နေပြည်တော် ၁၁ ဇန်နဝါရီ 

 

ဒေသခံပြည်သူလူထုနှင့် နိုင်ငံကျော် ပန်းချီပညာရှင်များ ပူးပေါင်းပါဝင်ကြသော ပန်းချီပြပွဲများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက် (ရန်ကုန်) ၌ ၂၀၁၈ ခုနှစ် နိ်ုဝင်ဘာလမှ စတင်ကျင်းပလျက်ရှိရာ ယခုအချိန်ထိ ဂန္ဓဝင်သစ် ပန်းချီပြပွဲ (New Classic Art Exhibition)၊ မြန်မာ့ရေဆေးပန်းချီပြပွဲ ( Myanmar Watercolor Art Exhibition ) စသည့် ပန်းချီပြပွဲများကို ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။

 

ယခုအခါ ခေတ်ပြိုင်ပန်းချီဆရာ ၁၇ ဦး၏ အမျိုးအစားစုံ ပန်းချီကားချပ်များဖြင့် ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ အမျိုးသားပြတိုက် (ရန်ကုန်) တွင် ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပန်းချီပြပွဲသို့ သတင်းဌာနအသီးသီးမှ မီဒီယာသမားများ သတင်းရယူနိုင်ကြောင်းနှင့် စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

 

မောင်မောင်မျိုး