ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် အမေရိကန်နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ

နေပြည်တော် ၁၁  ဇန်နဝါရီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Alan Marciel တို့သည် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈)ပြဋ္ဌာန်းဆောင်ရွက်နေမှုများ၊ ထိုသို့ဆောင်ရွက်ရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခွင့်ပြုချက်မရရှိမီ ဆောင်ရွက်ပြီးနေသည့် မြေများနှင့်ပတ်သက်၍ အမှန်လုပ်ကိုင် ဆောင်ရွက်လျက် ရှိသူများအနေဖြင့် မြေကိုတရားဝင်ပိုင်ဆိုင်ပြီး ဆက်လက်တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ဌာနမှကူညီပံ့ပိုး ဆောင်ရွက်ပေးနေမှုများ၊ မြေယာစီမံခန့်ခွဲမှုအပါအဝင် လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာများနှင့် အကြံဉာဏ်များ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ စိုက်ခင်းများတွင် ငမြှောင်တောင်ပိုး ကျရောက်လျက်ရှိသော ကိစ္စရပ်နှင့် အသေးစားချေးငွေ ဆိုင်ရာ ကိစ္စများကိုဆွေးနွေးကြသည်။

(မောင်မင်းနိုင်)