(၃)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ထားဝယ် ၁၁ ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင်အသက်(၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ထားဝယ်မြို့တိုင်းအားကစားကွင်း၌ ကျင်းပခဲ့ရာ ဗိုလ်လုပွဲအဖြစ် ထားဝယ်ခရိုင်အသင်းနှင့် မြိတ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကြကစားရာ  မြိတ်ခရိုင်အသင်းက ထားဝယ်ခရိုင်အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ 

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးမှူး  ဦးစိုးမိုးနိုင်က ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်ဦးက ဒုတိယဆုရရှိသည့်ထားဝယ်ခရိုင်အသင်းအား တစ်ဦးချင်းဆု နှင့် ငွေသားဆုချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးတင်အောင်က ပထမဆုရရှိသည့် မြိတ်ခရိုင် အသင်းအား တစ်ဦးချင်းဆု နှင့် ငွေသားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးကြည်လှိုင်က တံခွန်စိုက်ဒိုင်းဆုချီးမြှင့်ခဲ့ပြီးပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ကြောင်း ထားဝယ်ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။

MDN

 

mdn