ပင်တဂွန်ရဲ့လျို့ဝှက်အကြောင်းအရာတွေကို စတင်ဖော်ထုတ်သူကို ဆွီဒင်နိုင်ငံက ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုရရှိ

၁၂ ဇန်နဝါရီ

 

၁၉၇၁ ခုနှစ်က အမေရိကန် ဗီယက်နမ်စစ်ပွဲအတွင်းမှာ အမေရိကန်ရဲ့ စစ်ပွဲနဲ့ပတ်သက်တဲ့ လျို့ဝှက် အစီအစဉ်တွေကို ဖော်ထုတ်ခဲ့တဲ့ ဒန်နီရယ် အယ်စဘတ်ကို ဆွီဒင်နိုင်ငံကချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ် အတွက် Olof Palme  အိုလပ်ဖန်း လူ့အခွင့်အရေးဆုကို ဇန်နဝါရီလ ၉ ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။ 

 

အသက် ၈၇ နှစ်အရွယ် အယ်စဘတ်ဟာ “လူသားတွေကိုချစ်မြတ်နိုးတဲ့စိတ်၊ စာရိတ္တသတ္တိကြီးမြတ်တဲ့အတွက် ပေးအပ်တာဖြစ်တယ်။ အယ်စဘတ်ဟာ ပင်တဂွန်လျို့ဝှက်ချက်တွေကို ပေါက်ကြားရင် သူ့အလုပ်ကို ထိခိုက်နိုင်သလို ထောင်ဒဏ်နှစ်ရှည်ကျခံနိုင်ရတယ်ဆိုတာ သိသိနဲ့ လုပ်ဆောင်တာဖြစ်တဲ့အတွက် အခုလို ချီးမြှင့်တာဖြစ်ကြောင်း”  ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ 
 

Olof Palme အိုလပ်ဖန်းလူ့အခွင့်အရေးဆုဟာ ဆွီဒင်အလုပ်သမားလှုပ်ရှားရေးအဖွဲ့က ချီးမြှင့်တာဖြစ်ပြီး ဆုတံဆိပ်နှင့်အတူ ငွေသား အမေရိကန်ဒေါ်လာ ၇၅,ဝ၀ဝ ကို နှစ်စဉ်ချီးမြှင့်ကြောင်း သိရပါတယ်။ 

 

၁၉၈၆ ခုနှစ်က စတော့ဟုမ်းမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဆွီဒင်ဆိုရှယ်ဒီမိုကရက် ဝန်ကြီးချုပ် အိုလပ်ဖန်း Olof Palmeကို ဂုဏ်ပြုတဲ့အနေ့ ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာတစ်ဝန်းက လူ့အခွင့်အရေးလှုပ်ရှားသူတွေကို Olof Palme အိုလပ်ဖန်းလူ့အခွင့်အရေးဆုကို စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ 

 

ဝန်ကြီးချုပ် အိုလပ်ဖန်း Olof Palme ဟာ နိုင်ငံတကာက လူ့အခွင့်အရေးနှင့်ပတ်သက်ရင် ပွင့်ပွင့်လင်းလင်း ပြောကြားတတ်သူဖြစ်တယ်။ အမေရိကန်က ဗီယက်နမ်စစ်ပွဲမှာ ပါဝင်လာတာကို ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ 

 

MDN

 

ကိုးကား- AFP

 

000_Was360110