ဒလမြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ပါမောက္ခဆရာကြီး၊ ဆရာမကြီးများမှ ပညာဒါန ဟောပြောပို့ချ

ရန်ကုန်  ၁၂  ဇန်နဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ပညာ/ ကျန်းမာဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေး အနီးကပ်ဟောပြောပို့ချပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သီရိဇေယျနောရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

 

_DSC2719.

 

တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ပညာဒါနဟောပြောပို့ချရာတွင် ရန်ကုန်အဝေးသင်တက္ကသိုလ် ဌာနမှူး(ငြိမ်း) ဦးမြငွေ နှင့် ရန်ကုန်တက္ကသိုလ် လ/ထကထိက(ငြိမ်း) ဦးဝင်းမောင် (ရွှေရည်မင်းစံ) တို့က မြန်မာစာဘာသာရပ်၊ ဘာသာရပ်ပညာရှင် ဦးညွှန့်ဝေမိုးက အင်္ဂလိပ်စာဘာသာရပ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခဌာနမှူး(ငြိမ်း) ဒေါက်တာမြင့်ခင်က သင်္ချာဘာသာရပ်၊  ပဲခူးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာဉာဏ်ထွန်းက ဓာတုဗေဒဘာသာရပ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ပါမောက္ခ ဌာနမှူး(ငြိမ်း) ဒေါက်တာခင်မောင်ထွန်းက ရူပဗေဒဘာသာရပ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခ ဌာနမှူး ဒေါက်တာ ရီရီဝင်းက ဇီဝဗေဒဘာသာရပ် နှင့် စီးပွားရေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ ခင်ခင်ဦး က ဘောဂဗေဒဘာသာရပ်တို့ဖြင့် အသီးသီး ဟောပြောပို့ချခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ပညာရေးမှူး ဦးအောင်နိုင်စိုး၊ ပညာ/ကျန်းမာဖောင်ဒေးရှင်းမှ  တာဝန်ရှိသူများ၊ ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၀ဝ  ကျော်ခန့် တက်ရောက်ခဲ့သည်။

 

နိုင်လင်းကျော်(ဒလ)

 

_DSC271