ဗိုလ်ချုပ်မွေးနေ့တွင် ဖွင့်လှစ်မည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

မိုးကောင်း  ၁၂   ဇန်နဝါရီ 

 

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ဖွင့်လှစ်မည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ထားရှိမည့်မြေနေရာအား ပန္နက်တင်အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီခွဲက ဈေးကုန်းရပ်ကွက်ရှိ မိုးကောင်းမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

IMG_6

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်၊ ရွှေနိုင်ငံဆောက်လုပ်ရေးကုမ္ပဏီလိမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်ချိုလွင်ထွေးနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တု စိုက်ထူမည့်မြေနေရာအား ပန္နက်တိုင်များရိုက်နှက်ကာ အမွှေးနံ့သာများ ပက်ဖြန်းပေးခဲ့ကြသည်။

 

IMG_68

 

အဆိုပါ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)

 

IMG_6855.