စက်တောကုန်းရိုးကြီးကျေးရွာတွင် ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိ

ဗန်းမောက်  ၁၂  ဇန်နဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နှင့် သုံးမိုင်အကွာ ကတူး တိုင်းရင်းသားများနေထိုင်သော စက်တော ကုန်းရိုးကြီးကျေးရွာ၌ ရှေးဘုရင်များ လက်ထက်က ရှေးဟောင်းပစ္စည်းများကို ပြသထားကြောင်း သိရသည်။

 

၁၂၃၆ ခုနှစ် မင်းတုန်းမင်းကြီး လှူဒါန်း ပူဇော်ခဲ့သော မြသိန်းတန်စေတီအပြင် ရှေးဟောင်းဆင်းတုတော်များ၊ မင်းတုန်း မင်းကြီး၏ စကြာဒေဝီမိဖုရားခေါင်လှူဒါန်းထားသော ကျောက်စီမာလိကာတန်ဆာနှင့် အဆောင်အယောင်ပစ္စည်းများ၊ ထီးဖြူတော် နှစ်လက်၊ ထီးအရိုးတစ်လက်၊ ဆင်စွယ်ဗီရို နှစ်လုံး၊ တစ်ကြောင်းစာချွန်တော်များ၊ ရွှေရေး စာတိုက်သေတ္တာ၊ ပုရပိုက်ထည့်သော သေတ္တာ၊ သံဃာတော်များအတွက် အကာအရုံ ပစ္စည်း၊ ရွှေဟင်္သာရုပ်တု နှစ်ခု၊ မင်းတုန်းမင်းကြီးလှူဒါန်းသည့် ကြွေကွမ်းထွေးခံ နှစ်လုံး နှင့် အခြားပစ္စည်းများကို ပြသထားလျက်ရှိ သည်ကို တွေ့မြင်ရသည်။

 

9914632_201

 

'' ၁၂၁၁ ခုနှစ် ဇလုံတောင်တော်ရဲ့ ပထမ သာသနာပြုပုဂ္ဂိုလ် ဦးသောဘိတ (လူအမည် ဦးသာအေး) လှူဒါန်းထားတဲ့ ငှက်မြတ်နား တော် နှစ်ဆူ၊ ထီးတော် တစ်ဆူလည်းပါဝင် ပြသသွားမှာ ဖြစ်ပါတယ်။ ဗန်းမောက်မြို့ စက်တောကုန်းရိုးကြီးကျေးရွာမှာ အစဉ် အဆက်က ရွှေမှူးများ ခန့်အပ်ခဲ့တဲ့ အတိတ်ကာလ ရှင်ဘုရင်အဆက်ဆက် မှာလည်း ဗုဒ္ဓဘာသာ သာသနာတော်ပြန့်ပွား ရေးအတွက် သက်ဆိုင်ရာ သံဃာ့ဂိုဏ်းချုပ် ဆရာတော်များအား ဆက်သခဲ့သည့် တစ်ကြောင်း စာချွန်တော်များ၊ ပေစာပုရပိုက် များနှင့် အခြားပစ္စည်းများကို လှူဒါန်းခဲ့ခြင်း ဖြစ်မယ်လို့ ယူဆရပါတယ်။ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ဝရက်က စက်တောကုန်းရိုးကြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ပြသထား ခဲ့ပါတယ်''ဟု ဒေသခံ ဦးမောင်သောင်းက ပြောပြသည်။

 

စက်တောကုန်းရိုးကြီးကျေးရွာ မဟာ ဂန္ဓာရုံကျောင်းတိုက်တွင် ရှေးဆရာတော်ကြီး များဖြစ်ကြသည့် ဦးဂန္ဓမာ၊ ဒုတိယဆရာတော် ဦးဂန္ဓမာတို့ သီတင်းသုံးတော်မူခဲ့ကြပြီး ယခု ကျောင်းတိုက် အနောက်ဘက် နှစ်ဖာလုံအကွာ အတွင်း၌ ဆရာတော်ကြီးနှစ်ပါး၏ အရိုးစေတီ တော်များ တည်ထားကိုးကွယ်ထားကြောင်း သိရသည်။

 

ကျော်စွာ

 

50560782_2018984064