စဥ့်ကူးမြို့နယ် ကံတောင်ကျေးရွာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စဥ့်ကူး  ၁၂  ဇန်နဝါရီ 

 

စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကံတောင်ကျေးရွာ အောင်ချမ်းသာရပ်ကွက် နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေဖမ်းဆီးရာ ကာလတန်ဖိုး ၁၂၀ဝ၀ဝ တန်ဖိုးရှိ စိတ်ကြွရှုးသွပ်ဆေးပြား ၆၀ အား  ဖမ်းဆီးရမိခဲ့သည်။      

                                                                                      

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၅၀ က လက်ပန်လှနယ်မြေရဲစခန်းမ ှနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန့်ဇင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကံတောင်ကျေးရွာ အောင်ချမ်းသာရပ်နေ ဇာနည်ထွန်းနှင့် ဇနီးဖြစ်သူ မလဲလဲဝင်းတို့ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ခင်ပွန်းဖြစ်သူ ဇာနည်ထွန်းကို မတွေ့ရှိရဘဲ ၄င်း၏ ဇနီး မလဲ့လဲ့ဝင်းအား အသင့်တွေ့ရှိရပြီး ၄င်းတို့၏နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆ ပြားစီပါ ၁၀ ထုတ် စုစုပေါင်းဆေးပြား ၆၀၊ အလေးချိန် (၆ ဒသမ ဝ) ဂရမ်ခန့်နှင့် ဆက်စပ်အသုံးအဆောင်ပစ္စည်များအား ရှာဖွေတွေ့ရှိခဲ့သည်။

 

ဖြစ်စဉ်အပေါ် စစ်မေးရာ ယင်းဆေးပြားများအား  ကိုဇာနည်ထွန်းမှ (၂၀ဝ)ပြားပါ တစ်ထုတ်လျှင်ကျပ် (၁၀ဝ၀ဝ၀) ဖြင့်ဝယ်ယူခဲ့သည်ကို သိရှိရပြီး မည်သူ့ထံမှဝယ်ယူခဲ့သည်ကို မသိရှိကြောင်းနှင့် ၄င်းဆေးပြားများအား ပြန်လည်ရောင်းချရန် ၄င်းကိုယ်တိုင်ပြန်လည်ထုတ်ပိုးပေးခဲ့ပြီး ခင်ပွန်းဖြစ်သူထံမှ ပြန်လည်ရောင်းချပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွရှုးသွပ်ဆေးပြားများအား ပြန်လည်ရောင်းချရန်လက်ဝယ်ထားရှိသူ ၎င်းတို့နှစ်ဦးအား လက်ပန်လှနယ်မြေရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

 

မင်းဇော်ဦး(ပြန်/ဆက်)