သမိုင်းဝင် ဥဿျှစ်လှစေတီတော်မြတ်ကြီး (၂၅) ကြိမ်မြောက် ဓမ္မပူဇာသဘင် ညောင်တုန်း၌ ကျင်းပမည်

ညောင်တုန်း  ၁၂  ဇန်နဝါရီ

 

ညောင်တုန်းမြို့၊ ရှေးဟောင်းသမိုင်းဝင် ဥဿျှစ်လှစေစေတီတော်မြတ်ကြီး၏ (၂၅)ကြိမ်မြောက် တရားပွဲ၊ ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲပေါင်းလောင်းလှူပွဲကို ဇန်နဝါရီ ၂၀ ရက်နေ့၊ ပြာသိုလပြည့်နေ့ညနေပိုင်းတွင် ဥဿျှစ်လှစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်း စည်ကားစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဗုဒ္ဓပူဇနိယဓမ္မသဘင်အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက်နေ့မှစတင်ပြီး ၁၉ ရက်နေ့အထိ နိဗ္ဗန်ရောက်ကြောင်း တရားတော်များကို နိုင်ငံကျော်တရားဟောဓမ္မကထိက ဆရာတော်များက အသီးသီးဟောပြောကြမည်ဖြစ်သည်။ 

 

ထို့ပြင်ဇန်နဝါရီ ၂၀ ရက်နေ့ ပြာသိုလပြည့်နေ့ညနေ ၄ နာရီမှစ၍ အဆိုပါစေတီတော်ကြီး ရင်ပြင်၌ ဆွမ်းဆန်စိမ်းနှင့်စာရေးတံမဲ လောင်းလှူပွဲကြီးအား စည်ကားစွာကျင်းပမည်ဖြစ်သည်။

 

ညောင်တုန်းမြို့နယ်သူမြို့နယ်သားများ၊ ရန်ကုန်မြို့ရောက် ညောင်တုန်းမြို့နယ် အသင်းသားများ၊ စေတနာရှင်အလှူရှင်များက သံဃာတော်အရှင်သူမြတ် အပါး ၁၀၈ နှင့် သီလရှင် ၄၅ ပါးကျော်တို့အား သဒ္ဒါကြည်လင် စေတနာရှင်များက ဆွမ်းဆန်တော်၊ စာရေးတံမဲနှင့် ဆပ်ပြာ၊ သွားတိုက်ဆေး၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဆေးဝါး၊ ဝတ္တူငွေနှင့် လှူဖွယ်ပစ္စည်းများအား ပါဝင်စုပေါင်း လှူဒါန်းနိုင်ကြောင်း ကျင်းပရေး ဂေါပကထံမှ သိရသည်။
     


ထွန်းကျော်(ညောင်တုန်း)