ကလေးစာပေပွဲတော်(စစ်ကိုင်း)တွင် ဖူဆယ်ပြိုင်ပွဲ စတင်ကျင်းပ

စစ်ကိုင်း  ၁၂   ဇန်နဝါရီ 

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော ကလေးစာပေပွဲတော်(စစ်ကိုင်း)တွင် ဖူဆယ်ပြိုင်ပွဲများကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ကျင်းပပြုလုသည်။

 

ဖူဆယ်ပြိုင်ပွဲတွင် ကျောင်းပေါင်းစုံမှ အသက် ၁၃ နှစ်အောက် အသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင် ကစားကြပြီး ၁၄ ရက်နေ့တွင် ဗိုလ်လုပွဲ ကစားမှာဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး ကလေးစာပေပွဲတော် ဖွင့်ပွဲနေ့တွင် အမျိုးသမီးအလွတ်တန်း ထုတ်ဆီးထိုးပြိုင်ပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခင်ဦးစိုးဝေ