မိုးနဲမြို့နယ် လိုင်လျင်းကျေးရွာတွင် ကမ္ဘာ့ကလေးများနေ့ ပျော်ပွဲရွှင်ပွဲနှင့် အာဟာရတိုက်ကျွေး

မိုးနဲ ၁၂ ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၊ ကွန်နားကျေးရွာအုပ်စု လိုင်လျင်းကျေးရွာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း၌ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၏ စီစဉ်မှုဖြင့် ကျေးရွာမိဘပြည်သူများ ပူးပေါင်းကာ ၂၀၁၉ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဘုန်းတော်ကြီး ကျောင်းဝင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဝိဇ္ဇာရိယကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာဃိန္ဒက သြဝါဒကထာ မြွက်ကြားပြီး တက်ရောက်လာသော ကျေးရွာအုပ်စုနှင့် ကျေးရွာများမှ ကလေးငယ်များအား အာဟာရအဖြစ် နို့ရွှေရင်အေးနှင့် မုန့်များ ဝေငှပေးခဲ့သည်။ အခမ်းအနားတွင် အားကစားပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်နှင့် ပင့်သံဃာတော်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရှမ်းစာပေယဉ်ကျေးမှု အသင်းဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)

 

mdn