ခရီသွားဒေသသစ်တစ်ခု ဖြစ်လာဦးမည့် ညောင်ဦးခရိုင် ငါ့သရောက်မြို့က တောင်ကုန်းကျေးရွာ ရိုးရာအိုးလုပ်ငန်း

ငါ့သရောက်  ၁၂ ဇန်နဝါရီ

 

mdn

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ တောင်ကုန်းကျေးရွာလေးသည် အိမ်ခြေ (၁၃၈) အိမ်ရှိပြီး မြေအိုးလုပ်ငန်းကို လုပ်ကိုင်နေသည့် ကျေးရွာဖြစ်သည်။ ရှေးဘိုးစဉ်ဘောင်ဆက်ထဲက ရိုးရာအိုးလုပ်ငန်းအမျိုးမျိုး လုပ်ကိုင်လာသော ကျေးရွာလေးဖြစ်ကာ  လုပ်ပြီးသားအိုး အမျိုးမျိုးအား ရွာအရှေ့ထိပ်၊ မြောက်ထိပ်၊ တောင်ထိပ်ရှိ အိုးဖို (ဖုတ်) သော နေရာတွင် စုပေါင်းကာ အိုးမီးဖို (ဖုတ်) လေ့ရှိကြောင်း သိရသည်။

 

mdn

 

တစ်ရွာလုံးရှိလူတိုင်း အိုးအမျိုးမျိုး ပြုလုပ်တတ်ကြပြီး အိမ်တိုင်းတွင် အိုးပြင်စက်ရှိကြောင်း၊ အိုးအမျိုးမျိုးပြုလုပ်ရာတွင် အဓိကကုန်ကြမ်းမှာ ကန်မြေအကြမ်း၊ အစီး(အချွဲ) သာလိုအပ်ပြီး ကန်မြေအကြမ်းနှင့် အစီးရောစပ်ကာ လက်ဖြင့် ဆုပ်နယ်ခြင်း၊ ခြေဖြင့်နင်းနယ်ခြင်းများ ပြုလုပ်ပေးရကြောင်း၊ အိုးလုပ်ငန်းအတွက် အိမ်ထောင်စုတစ်စုလျှင် ကန်မြေအကြမ်းနှင့် အစေး (အချွဲ) တစ်နှစ်စာ ဖောကား (၁၀) စီးတိုက်ကုန်ပြီး လှည်းဖြင့်တိုက်လျှင် လှည်းအစီး (၅၀) ကျော်ကုန်ကြောင်း၊ အိမ်ဝိုင်းထဲပုံထား၍ ရသလောက်ဝယ်ယူ စုဆောင်းခြင်း၊ မိသားစုလိုက် သယ်ယူခြင်းများဖြင့် မြေစုဆောင်းထားကြကြောင်း သိရသည်။

 

mdn

 

အိုပြင်စက် အိမ်တိုင်းရှိသော်လည်း အိုးထွင်းသူ အိမ်တိုင်းမရှိဘဲ အိုးလုပ်ရန်အတွက် အိုးထွင်းသူ ပြန်လည်ငှားရမ်း လုပ်ကိုင်ကြကြောင်း အိုးထွင်းပညာရှင် အိုးလုပ်ငန်း လုပ်ကိုင်ကျွမ်းကျင်သူ ဒေါ်စန်းယုံက ပြောပြသည်။ အိုးထွင်းသူများသည် အခြားအိမ်များ အိုးထွင်းရန်ရှိပါက အငှားလိုက်လေ့ရှိပြီး အိုးပြင်စက်တစ်ခုဖြင့် အိုးအမျိုးမျိုး ဖန်တီးပြုလုပ်ကြကာ လုပ်ပြီးသားအိုးများအား အိမ်ရှေ့မြေကွက်လပ်များတွင် တစ်လုံးချင်းစီပြီး နေပြထားလေ့ရှိကြောင်း သိရသည်။

 

mdn

 

တောင်ကုန်းကျေးရွာမှ ထွက်ရှိသည့် အိုးများသည် အရည်အသွေးကောင်းပြီး လူသုံးကုန် အိုးများကအစ ကလေးကစားစရာများအထိ အမျိုးမျိုးကို ထုတ်လုပ်ကော ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် ပြာသိုသောက်ရေအိုးသည် နာမည်ကြီးပြီး ဈေးနှုန်းအလွန်ကြီးကြောင်း သိရသည်။

 

mdn

 

တောင်ကုန်းကျေးရွာသို့ ပြည်ပခရီးသွား လာရောက်လေ့လာမှု ခပ်စိပ်စိပ်ရှိပြီး အိုးလုပ်ရန် ကုန်းကြမ်း ကန်မြေမှအစ အိုးဖို(ဖုတ်)ကုန်း ရောက်သည်အထိ လေ့လာမှတ်သားကြကြောင်း၊ အိုးတစ်လုံးဈေးနှုန်း၊ အိုးလုပ်ရာတွင် တစ်အိမ်သားလုံး လုပ်ကြပုံ၊ အိုးဖိုးရရှိသည်အထိ လေ့လာကြကြောင်း၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီနိုင်ငံတို့မှ အများဆုံးလာရောက်ကြပြီး စက်ဘီးစီး၍ အဖွဲ့လိုက်လာခြင်း၊ ကားငှား၍ သုံးလေးဦးလာခြင်းများရှိကြောင်း သိရသည်။

 

mdn

 

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)

 

mdn

 

mdn

 

mdn