ဆင်ဖြူကျွန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့်  ပုံပြောပြိုင်ပွဲကျင်းပ

စလင်း ၁၂ ဇန်နဝါရီ 


မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဆင်ဖြူကျွန်း စာကြည့်တိုက်တွင် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီက စာကြည့်တိုက်ကော်မတီမှ ကြီးမှူး၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

ာိည

 

အခမ်းအနားတွင် စာကြည့်တိုက်နာယက ဦးအောင်ရွှေမှ ကျောင်းနေအရွယ် ကလေးများအနေဖြင့် ကျောင်းစာအပြင် ကိုယ်နှုတ်အမှုအရာ အပြောအဆို လိမ္မာရေးခြားရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး အကဲဖြတ်ဒိုင်အဖွဲ့မှ ဆရာမဒေါ်ခင်မေရီက ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းကို ပြောကြားကာ ပြိုင်ပွဲစတင်ကျင်းပခဲ့သည်။

 

ာိည

 

အဆိုပါပုံပြောပြိုင်ပွဲတွင် ရှားတော၊ သာတန်း၊ ပြည်တော်သာ၊ အမှူး၊ ပရိက္ခရာ၊ သမန်းကုန်း၊ ပန်းတော၊ မြောင်းဖျား အ.မ.က ကျောင်းများမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူအသီးသီးမှ ဆုများချီးမြှင့်၍ ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 

    
စိုးမိုးသူ (စလင်း)

 

,dm