၂၀၁၈ ခုနှစ်၊ အရှေ့တောင်အာရှ အပျော်တမ်းအသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၈ ခုနှစ်၊ အရှေ့တောင်အာရှ အပျော်တမ်းအသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲမှစ၍ နေပြည်တော် မြို့တော်ဂေါက်ကွင်းတွင် ကျင်းပသည်။

အမျိုးသားပွဲစဉ်များအဖြစ် Lion Cup တစ်ဦးချင်း ပြိုင်ပွဲတွင် ပြည့်ဖြိုးသူ (မြန်မာ) မှ ယနေ့ရိုက်ချက် (၇၅)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂၁၉)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၃)ချက်ပို၍ ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ စင်ကာပူက ယနေ့ရိုက်ချက်(၇၃)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂၂၂)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၆)ချက်ပို၍ ဒုတိယနေရာမှ လည်းကောင်း၊ Lion Cup အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းမှ ယနေ့ရိုက်ချက် (၁၄၉)ချက် (၃)ရက်ပေါင်းရိုက်ချက် (၄၄၅)ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ အင်ဒိုနီးရှားအသင်းမှ ယနေ့ရိုက်ချက် (၁၄၈)ချက် (၃)ရက်ပေါင်းရိုက်ချက် (၄၄၆)ချက်ဖြင့် ဒုတိယ နေရာမှလည်းကောင်း၊ Putra Cup တစ်ဦးချင်း ပြိုင်ပွဲတွင် ထိုင်းက ယနေ့ရိုက်ချက် (၆၉)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂၀၇)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၉)ချက်လျော့၍ ပထမနေရာတွင် ဦးဆောင်၍လည်းကောင်း၊ ဟောင်ကောင်က ယနေ့ရိုက်ချက် (၇၀)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂၁၃)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၃)ချက်လျော့၍ ဒုတိယနေရာမှ လည်းကောင်း၊ Putra Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၂၁၀)ချက် (၃)ရက်ပေါင်းရိုက်ချက် (၆၃၃)ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍ လည်းကောင်း၊ ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၂၁၅)ချက် (၃)ရက်ပေါင်းရိုက်ချက် (၆၄၈)ချက်ဖြင့် ဒုတိယနေရာမှ လည်းကောင်း၊ အမျိုးသမီးပွဲစဉ်များအဖြစ် Santi Cup တစ်ဦးချင်း ပြိုင်ပွဲတွင် ဖိလစ်ပိုင်က ယနေ့ရိုက်ချက် (၇၀)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂၀၉)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၇)ချက်လျော့၍ ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ ဖိလစ်ပိုင်က ယနေ့ရိုက်ချက် (၇၀)ချက် (၃)ရက်ပေါင်းရိုက်ချက် (၂၁၁)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၅)ချက်လျော့၍ ဒုတိယနေရာမှ လည်းကောင်း၊ Santi Cup အသင်းလိုက်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၁၄၀)ချက် (၃)ရက်ပေါင်း ရိုက်ချက် (၄၂၀)ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊  ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၁၄၁)ချက် (၃)ရက်ပေါင်းရိုက်ချက် (၄၃၀)ချက်ဖြင့် ဒုတိယ နေရာမှလည်းကောင်း၊ Kartini Cup တစ်ဦးချင်းပြိုင်ပွဲတွင် သင်းဝေခိုင်(မြန်မာ)မှ ယနေ့ရိုက်ချက် (၇၃)ချက် (၃)ရက်ပေါင်း ရိုက်ချက် (၂၁၆)ချက်ဖြင့် သတ်မှတ်ရိုက်ချက်အတိုင်း ပထမနေရာမှ ဦးဆောင်၍ လည်းကောင်း၊ ထိုင်းက ယနေ့ရိုက်ချက် (၇၁)ချက် (၃)ရက်ပေါင်း ရိုက်ချက် (၂၁၇)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၁)ချက်ပို၍ ဒုတိယနေရာမှ လည်းကောင်း၊ Kartini Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၁၄၈)ချက် (၃)ရက်ပေါင်း ရိုက်ချက် (၄၄၂)ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍ လည်းကောင်း၊ ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၁၅၀)ချက် (၃)ရက်ပေါင်း ရိုက်ချက် (၄၄၉)ချက်ဖြင့် ဒုတိယနေရာမှ လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ နေ့စဉ် နံနက် ၇ နာရီခွဲတွင် နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

လူထုအားကစားနှင့် ပညာပေးဌာနခွဲ