၂၀၁၉ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသွားမည်

နေပြည်တော် ၁၈ ဇန်နဝါရီ 


၂၀၁၉ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ (YYIM 2019) ကို ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၃ နာရီမှ ၁၁ နာရီခွဲအထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အမျိုးသား အားကစားကွင်း (Race Village) တွင် စည်ကားစွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။


ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင်ပါဝင် ဆင်နွှဲသူဦးရေ အများဆုံး အပြေးပြိုင်ပွဲကြီးဖြစ်ကာ ပြိုင်ပွဲဝင် အပြေးသမားပေါင်း ၈,ဝ၀ဝ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။ 

ယခုအကြိမ်သည် သတ္တမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး မည်သူမဆို စာရင်းပေးသွင်းယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။


၂၀၁၉ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို Yoma Strategic Holdings Ltd (Yoma Strategic) မှ ကြီးမှူးပြီး First Myanmar Investment Public Co., Ltd. (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့က ပူးပေါင်းစီစဉ်ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် သူများနှင့် လာရောက်ကြည့်ရှုသူများအတွက် ပျော်ပွဲရွှင်ပွဲများနှင့် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး ဆုရရှိသူများကိုလည်း ပြိုင်ပွဲ အမျိုးအစားအလိုက် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ 

မောင်မောင်မျိုး