၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ၁၉  ဇန်နဝါရီ

 

မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(A)ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

8

 

ဗန်တိုအတိုက်ပြိုင်ပွဲအဖြစ် အမျိုးသား (၅၃-၅၇) ကီလိုတန်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ ဝိုင်းချစ်(မန္တလေး)၊ ကံမာ(ရှမ်း)၊ အောင်ဇော်မျိုး (မကွေး)၊ လင်းလင်းထိန် (တနင်္သာရီ) တို့မှလည်းကောင်း၊ အမျိုးသား(၅၇-၆၁)ကီလိုတန်း ပြိုင်ပွဲတွင် ရဲရင့်အောင်(စစ်ကိုင်း)၊ အွမ်မန်(ချင်း)၊ ထက်ပိုင်မှူး(မန္တလေး)၊ ထွန်းလင်းနိုင် (ကချင်) တို့မှ လည်းကောင်း၊  အမျိုးသား (၆၁-၆၅) ကီလိုတန်းပြိုင်ပွဲတွင် မြင့်မြတ်ဦး(မန္တလေး)၊ ညီထူး(ရှမ်း)၊ ဝေယံစိုး(နေပြည်တော်)၊ ချမ်းမြေ့အောင်(ကချင်) တို့မှလည်းကောင်း၊ အမျိုးသား (၄၅-၄၉) ကီလိုတန်း ပြိုင်ပွဲတွင် မင်းမင်းထိုက်(မန္တလေး)၊ အောင်မြတ်သူ(စစ်ကိုင်း)၊ အမျိုးသမီး (၄၅-၄၉) ကီလိုတန်း ပြိုင်ပွဲတွင် ခင်မိုးအေး(တနင်္သာရီ)၊ ချယ်ရီသန်း(ပဲခူး) တို့မှလည်းကောင်း၊ အမျိုးသား (၄၉-၅၃) ကီလိုတန်း ပြိုင်ပွဲတွင် ကောင်းမြတ်မွှေး(ပဲခူး)၊ ဇော်ဝင်းဦး(ရန်ကုန်) တို့မှလည်းကောင်း၊ အမျိုးသမီး (၄၉-၅၃) ကီလိုတန်းပြိုင်ပွဲတွင် ခင်နှောင်းတင့်(ရှမ်း)၊ မေဇင်ဦး(ရန်ကုန်)တို့မှလည်းကောင်း အသီးသီး အနိုင်ရရှိသွားသည်။

 

ဆက်လက်၍ ဓါးသိုင်း အတိုက်ပြိုင်ပွဲများအဖြစ် အမျိုးသား (ဓါး-၁) (၅၀-၅၅) ကီလိုတန်းပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် စည်သူအောင် (ဧရာဝတီ)၊ ဇေယျာဝင်း (ရန်ကုန်)၊ ရန်အောင်ဆန်း (မန္တလေး) တို့မှလည်းကောင်း၊ အမျိုးသား (ဓါး-၂) (၄၅-၅၀) ကီလိုတန်းပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင်  မျိုးထက်ဇော် (မကွေး)၊ ကျော်ဇင်ဖြိုး (ရန်ကုန်) တို့မှ လည်းကောင်း၊ အမျိုးသား (ဓါး-၂) (၅၀-၅၅) ကီလိုတန်းပြိုင်ပွဲတွင် ဥက္ကာဖြိုး (မန္တလေး)၊ ထက်မြက်မျိုး (မကွေး)၊ ရဲမင်းအောင် (ရန်ကုန်)၊ စည်သူအောင် (ကချင်)တို့မှ လည်းကောင်း၊ အမျိုးသား (ဓါး-၁) (၄၀-၄၅) ကီလိုတန်းပြိုင်ပွဲတွင် ခန့်ဖြိုးအောင် (ရန်ကုန်)၊ ထွန်းထွန်းဝင်း (မန္တလေး)၊ အမျိုးသမီး (ဓါး-၁) (၄၀-၄၅) ကီလိုတန်းပြိုင်ပွဲတွင် မိုးမိုးသဲ(ရှမ်း)၊ မေသဇင်ဖြိုး (မကွေး) တို့မှလည်းကောင်း၊ အမျိုးသား(ဓါး-၁) (၄၅-၅၀) ကီလိုတန်း ပြိုင်ပွဲတွင် လှိုင်ချစ်ဦး (မန္တလေး)၊ မျိုးနိုင်ဝင်း (ရှမ်း) တို့မှလည်းကောင်း၊ အမျိုးသမီး (ဓါး-၁) (၄၅-၅၀) ကီလိုတန်းပြိုင်ပွဲတွင် ဇင်မိုးမိုးထွေး (မကွေး) မှ လည်းကောင်း အသီးသီး အနိုင်ရရှိသွားသည်။

 

ဆက်လက်၍ အသင်းလိုက်စွမ်းရည်ပြ (၁+၁) (မ)ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ရာတွင် မွန်ပြည်နယ် အသင်းမှ ပထမ၊ မကွေးတိုင်းဒေသကြီးအသင်းမှ ဒုတိယ၊ မန္တလေး တိုင်းဒေသကြီးအသင်းမှ တတိယကိုလည်းကောင်း၊ အသင်းလိုက်စွမ်းရည်ပြ (၁+၁)(ကျား/မ) ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ရာတွင် မကွေးတိုင်း ဒေသကြီးအသင်းမှ ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ တတိယကိုလည်းကောင်း၊ အသင်းလိုက်စွမ်းရည်ပြ (၁+၂) (ကျား/မ) ပြိုင်ပွဲများအဖြစ် ယှဉ်ပြိုင်ရာတွင် မကွေးတိုင်းဒေသကြီးအသင်းမှ ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ ဒုတိယ၊ ရှမ်းပြည်နယ်အသင်းမှ တတိယကိုလည်းကောင်း အသီးသီး အနိုင်ရရှိသွားကြောင်း သိရှိရသည်။

9

 

အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်အထိ နေ့စဉ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(ဗ)ရုံ၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

 

လူထုအားကစားနှင့်ပညာပေးဌာနခွဲ