၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ၁၈  ဇန်နဝါရီ

မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပပြုလုပ်သည်။

ဗန်တိုအတိုက်ပြိုင်ပွဲအဖြစ် အမျိုးသား (၆၅-၆၉) ကီလိုတန်းပြိုင်ပွဲကို ယှဉ်ပြိုင် ကစားကြရာ ယွမ်းဘူလိန်း (ချင်း)၊ စိုင်းနောင့် (ရှမ်း)၊ ဇင်မင်းဦး (ပဲခူး) တို့မှလည်းကောင်း၊ အမျိုးသား (၆၉) ကီလိုအထက် ပြိုင်ပွဲတွင် သောင်းခန့်ဇင် (ပဲခူး)၊ အွမ်မဲင်းဟာ (ချင်း)၊ အောင်ကျော်ဆန်း (နေပြည်တော်) တို့မှလည်းကောင်း၊

အမျိုးသား (၄၅-၄၉) ကီလိုတန်းပြိုင်ပွဲတွင် လပြည့် (ရန်ကုန်)၊ မင်းမင်းထိုက် (မန္တလေး)၊ ထွန်းရဲလင်း (ရှမ်း)၊ အောင်မြတ်သူ (စစ်ကိုင်း) တို့မှလည်းကောင်း၊ အမျိုးသမီး (၄၅-၄၉) ကီလိုတန်းပြိုင်ပွဲတွင် ခင်မိုးအေး (တနင်္သာရီ)၊ နွေးယုယုဆွေ (ရန်ကုန်)၊ ချယ်ရီသန်း (ပဲခူး)၊ ဝေဝေသင်း (ရှမ်း) တို့မှလည်းကောင်း၊ အမျိုးသား (၄၉-၅၃) ကီလိုတန်းပြိုင်ပွဲတွင် အောင်နိုင်ဝင်း (ရှမ်း)၊ ကောင်းမြတ်မွှေး (ပဲခူး)၊ ဇော်ဝင်းဦး (ရန်ကုန်)၊ ချစ်မင်းသူ (တနင်္သာရီ) တို့မှလည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သိရသည်။

ဆက်လက်၍ ဓါးသိုင်းအတိုက်ပြိုင်ပွဲများအဖြစ် အမျိုးသား (ဓါး-၂) (၅၀-၅၅) ကီလိုတန်းပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် ထက်မြက်မျိုး (မကွေး)၊ ရဲမင်းအောင် (ရန်ကုန်) တို့မှလည်းကောင်း၊ အမျိုးသမီး (ဓါး-၂) (၅၀-၅၅) ကီလိုတန်း ပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင်  ခင်သစ္စာအောင် (စစ်ကိုင်း)၊ အေးအေးဝင်း (မန္တလေး)တို့မှ လည်းကောင်း၊ အမျိုးသား (ဓါး-၂) (၅၅-၆၀) ကီလိုတန်းပြိုင်ပွဲတွင် မျိုးမင်းအောင် (မကွေး)၊ တင်ထူးဇော် (ရန်ကုန်)၊ နိုင်ဇော်ထက်အောင် (မန္တလေး)၊ ပြည်ငြိမ်းချမ်း (စစ်ကိုင်း) တို့မှ လည်းကောင်း၊ အမျိုးသမီး (ဓား-၁) (၄၀-၄၅) ကီလိုတန်း ပြိုင်ပွဲတွင် နွယ်နွယ်ဝင်း (ဧရာဝတီ)၊ မိုးမိုးသဲ (ရှမ်း)၊ မေသဇင်ဖြိုး(မကွေး)၊ ဖြိုးအိကျော် (မန္တလေး) တို့မှလည်းကောင်း၊ အမျိုးသား(ဓါး-၁)(၄၅-၅၀) ကီလိုတန်းပြိုင်ပွဲတွင် ဝဏ္ဏထွန်း (ရန်ကုန်)၊ လှိုင်ချစ်ဦး (မန္တလေး)၊ ထွန်းသီဟစိုး (တနင်္သာရီ)၊ မျိုးနိုင်ဝင်း (ရှမ်း) တို့မှလည်းကောင်း၊ အမျိုးသား (ဓါး-၁) (၅၀-၅၅) ကီလိုတန်း ပြိုင်ပွဲတွင် ဝင်းထက်အောင်ကျော် (ကချင်)မှ လည်းကောင်း အသီးသီး အနိုင်ရရှိသွားသည်။

အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်အထိ နေ့စဉ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် မြန်မာ့သိုင်း အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ သတင်းရရှိသည်။

MDN

 

mdn