လွိုင်ကော် ၁၁ ဇန်နဝါရီ
(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ တိုက်ကွမ်ဒို ပြိုင်ပွဲ ဆုပေးပွဲကို ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီ အချိန်က လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် ပြည်နယ် အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ် လက်ရွေးစင် တိုက်ကွမ်ဒို ကစားသမားများက သရုပ်ပြကစားကြပြီး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က သရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြင့်သည်။
ဆက်လက်၍ ဆုပေးပွဲကျင်းပရာ ဝိတ်တန်းအလိုက် ဆုရရှိသော ကစားသမားများ၊ ကကွက် ပြိုင်ပွဲတွင် ဆုရရှိသော ကစားသမားများ၊ အမျိုးသား/ အမျိုးသမီး အကောင်းဆုံးဆုနှင့် အသင်းအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းများကို ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။
တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်ထိ ယှဉ်ပြိုင်ကစားကြပြီး အခြေခံပညာကျောင်း ပေါင်းစုံမှ ကစားသမား ၄၀၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)