အာကာသယာဉ် ဆိုယုဇ် MS – 09 ၏ ကိုယ်ထည်တွင် အပေါက်တွေ့ရှိ

ပြီးခဲ့သည့် သြဂုတ်လအတွင်း အာကာသအခြေစိုက်စခန်း ISS ရှိ အာကာသယာဉ် ဆိုယုဇ် MS – 09 တွင် ဖိအားယိုစိမ့်မှုဖြစ်ပွားခဲ့သဖြင့် ရုရှား အာကာသယာဉ်မှူး အိုလက် ကိုနွန်နန်ကို နှင့် ဆာဂေး ပိုကော့ပီ တို့ဟာ အာကာသယာဉ် အပြင်သို့ လမ်းလျှောက်ထွက်ပြီး စစ်ဆေးခဲ့ရာက ဆိုယုဇ် MS – 09 ၏ ကိုယ်ထည်တွင် အပေါက်တွေ့ခဲ့ကြောင်း ရုရှားထိန်းချုပ်ရေး စင်တာ (MCC) က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။

ရုရှားအာကာအေဂျင်စီ အကြီးအကဲ ဒီမစ်ထရီ ရိုဂိုဇင်က ဖိအားယိုစိမ့်မှုကြောင့် အာကာသအတွင်း လမ်းလျှောက်ထွက်ခဲ့ရခြင်းအပေါ် “မကြုံစဖူး ဖြစ်ရပ်ပါပဲ” ဟု ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားထားသည်။  

အာကာသယာဉ်မှူး အိုလက် ကိုနွန်နန်ကိုက အာကာသယာဉ် ကိုယ်ထည်ပေါ်မှာ ဥက္ကာခဲနှင့် ဖုံးအုပ်နေပြီး လေဟာနယ်အပေါက်ဖြစ်နေသည့် အစိတ်အပိုင်းကို ဖယ်ရှားခဲ့ကြောင်း၊ ယင်းနောက် အပေါက်ဖြစ်နေသည့် မျက်နှာပြင်အား ရှစ်လက်မ ပတ်လည်ဖြတ်တောက်ပြီး ဗူးတစ်ဗူး ထဲထည့်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ 

ထို့အပြင် ကိုနွန်နန်ကို က အပေါက်တဝှိက်ကို သုတ်ပြီး နမူနာ နှစ်ခုယူကြောင်း၊ အဲဒီအပေါက်ကို ဖာတဲ့ပစ္စည်းနဲ့ပိတ်ပြီး ပိုမိုခိုင်မာစေရန် ချိတ်နဲ့ချိတ်ထားခဲ့ပါသည်။ ယခုယူထားတဲ့  နမူနာပစ္စည်းတွေကို ကမ္ဘာမြေသို့ လေ့လာမှုများ ပြုလုပ်နိုင်ရန် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် သြဂုတ်လအတွင်း အာကာသယာဉ် ဆိုယုဇ် MS-09 ပေါ်တွင် သေးငယ်သည့် အက်ကြောင်းတစ်ခုကို အာကာသယာဉ်မှူးများက တွေ့ရှိခဲ့ကြပေမယ့် အပြင်ကို ထွက်စရာမလိုဘဲ ယာဉ်အတွင်းကနေ ပိတ်ခဲ့ကြောင်း သိရသည်။ 

လက်ရှိချိန်တွင် အဆိုပါ အာကာသယာဉ်သည် အာကာသအခြေစိုက်စခန်း ISS နှင့် ကမ္ဘာမြေအား ဆက်သွယ်သွားလာနေသည့် ယာဉ်ဖြစ်သည်။

SMZaw(MDN)
Source> Xinhua