အိမ်ကွင်း အမ်းမရိတ်မှာ ချယ်လ်ဆီးကို အနိုင်ပြန်ယူလိုက်သည့် အာဆင်နယ်

mdn

၂၀ ဇန်နဝါရီ

ပရီမီယာလိဂ် ပွဲစဉ်(၂၃)၏ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ စနေနေ့ ညပိုင်းကယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက ချယ်လ်ဆီးအသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ 

ချယ်လ်ဆီးအသင်းကို ပထမအကျော့မှာ ရှုံးပွဲကြုံတွေ့ထားသည့် အာဆင်နယ်အသင်းမှာ ယခုပွဲစဉ်တွင် အိမ်ကွင်းဖြစ်တာနှင့်အညီ ချယ်လ်ဆီးအသင်းကို အကောင်းဆုံးပုံစံဖြင့် ပြန်လည် တုံ့ပြန်ခဲ့ပြီး ပထမပိုင်းတွင် သွင်းယူခဲ့သည့် သွင်းဂိုများဖြင့် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည်။ အာဆင်နယ်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၄ မိနစ်တွင် လာကာဇက်၊ ၃၉ မိနစ်တွင် ကိုစီယဲလ်နီ တို့က သွင်းယူခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ချယ်လ်ဆီးအသင်းနှင့် သုံးမှတ်သာ ကွာဟလာခဲ့ပြီး ရမှတ် ၄၄ မှတ်ဖြင့် အဆင့် (၅)နေရာမှာ ရပ်တည်နေခဲ့သည်။

စနေနေ့ယှဉ်ပြိုင်ခဲ့သည့် ပရီမီယာလိဂ် ပွဲစဉ် (၂၃) ရလဒ်များ

ဝုလ်ဗ် ၄ - ၃ လက်စတာ
ဘုန်းမောက် ၂ - ဝ ဝက်စ်ဟမ်း
လီဗာပူးလ် ၄ - ၃ ခရစ္စတယ်ပဲလေ့စ်
မန်ယူ ၂ - ၁ ဘရိုက်တန်
နယူးကာဆယ် ၃ - ဝ ကာဒစ်ဖ်
ဆောက်သမ်တန် ၂ - ၁ အဲဗာတန်
ဝက်ဖို့ဒ် ဝ - ဝ ဘန်လေ
အာဆင်နယ် ၂ - ဝ ချယ်လ်ဆီး

MDN