Aquaman ဇာတ်ကားဝင်ငွေဟာ ထိပ်ဆုံးမှာရှိနေ

၈ ဇန်နဝါရီ

 

မြောက်အမေရိကားမှာ ရုံတင်နေတဲ့ Aquaman ဇာတ်ကားဟာ ပြီးခဲ့တဲ့ ရုံးပိတ်ရက်အတွင်းမှာ အမေရိကန်ဒေါ်လာ ၃၁ သန်း ဝင်ငွေရရှိခဲ့ကြောင်း မနေ့က ထုတ်ပြန်ပါတယ်။ ကမ္ဘာတဝန်းက ဝင်ငွေအနေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ ၉၄၁ သန်းရှိနေပြီ ဖြစ်ပါတယ်။ 

 

mdn

 

၂၀၁၂ ခုနှစ်က ရုံတင်ခဲ့တဲ့ "The Dark Knight Rises" ဇာတ်ကားဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေရှိခဲ့ဖူးပါတယ်။ အခု Aquaman ဇာတ်ကားဟာ The Dark Knight Rises ဇာတ်ကား အပြီးမှာ ဝင်ငွေအများဆုံး ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ 

 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ဝင်ငွေထိ်ပ်တန်း ရောက်ရှိနေတဲ့ ဇာတ်ကားများမှာ

 

Escape Room" (အမေရိကန်ဒေါ်လာ ၁၈.၂ သန်း) 
"Mary Poppins Returns" (အမေရိကန်ဒေါ်လာ ၁၅.၉ သန်း) 
"Bumblebee" (အမေရိကန်ဒေါ်လာ ၁၃.၂သန်း) 
"Spider-Man: Into the Spider-Verse" (အမေရိကန်ဒေါ်လာ ၁၃.၁ သန်း)
"The Mule" ( အမေရိကန်ဒေါ်လာ ၉.၁ သန်း) 
"Vice" (အမေရိကန်ဒေါ်လာ ၅.၇ သန်း)
"Second Act" (အမေရိကန်ဒေါ်လာ ၄.၈ သန်း )
"Ralph Breaks the Internet" (အမေရိကန်ဒေါ်လာ ၄.၇ သန်း)
"Holmes & Watson" (အမေရိကန်ဒေါ်လာ ၃.၃ သန်း)

 

MDN
ကိုးကား-AFP

 

mdn