ဘားအံမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူပြီး နှစ်ဦးဒဏ်ရာရရှိ

နေပြည်တော် ၁၈ ဇန်နဝါရီ 


ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းက ဘားအံမြို့နယ်၊ ဘားအံ-သထုံကားလမ်း မိုင်တိုင် (၁၅/၆-၇) ကြား၌ သထုံမြို့ဘက်မှ ဘားအံမြို့ဘက်သို့ ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်နေ လှဝင်း (၃၇) နှစ် မောင်းနှင်လာသော MDY 8J/×××× Super Custom ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးညောင်ပင်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။ 


ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ဘားအံမြို့နယ်၊ ကော့သံကျေးရွာ၊ ဖူ့တာမိတ်ကျောင်းနေ ဉူးဉာဏကောဓမ္မ (၄၈) နှစ် (ဝါ-စိစစ်ဆဲ) ပျံလွန်တော်မူခဲ့ပြီး ဘီးလင်းမြို့နယ်၊ ကျောက်တလုံးကျေးရွာ နေ စိုးကို (၃၅) နှစ်ပါ ကျား (၂) ဦးတို့တွင် ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သောကြောင့် ယာဉ်မောင်း လှဝင်းအား ဘားအံမြို့မရဲစခန်းမှ အရေးယူထားကြောင်း သတင်းရရှိသည်။ 


(ရဲပြန်ကြား)