ဘာစီလိုနာကွင်းလယ်လူ ဒန်းနစ်ဆွာရတ်ဇ်အား ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူရန် အာဆင်နယ်ကမ်းလှမ်း

၇   ဇန်နဝါရီ

 

အာဆင်နယ်အသင်းဟာ အခုဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဒန်းနစ်ဆွာရတ်ဇ်အား စာချုပ်ချုပ်ဆို ခေါ်ယူရန်မျှော်လင့်လျက်ရှိပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်း ထားတယ်လို့လည်း သိရပါတယ်။

 

၂၀၁၄-၂၀၁၅ ဘောလုံးရာသီအတွင်းက ဆီဗီလာအသင်းတွင် ရှိနေစဉ် ကတည်းက အာဆင်နယ်အသင်းနည်းပြ အမ်မရီနဲ့ ကွင်းလယ်ကစားသမား ဒန်းနစ်ဆွာရတ်ဇ်တို့ဟာ လက်တွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဒန်းနစ်ဆွာရတ်ဇ် ဟာ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မန်စီးတီးအသင်းမှာ ကစားခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့အတူ နှစ်ရာသီကျော်မှာ လိဂ်ပွဲစဉ် ၄၆ ပွဲအထိ ပါဝင် ကစားပေးထားတာလည်းဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ကစားသမား ရမ်ဆေးကို ဆုံးရှုံးရမည်ဖြစ်တာမို့ ဒန်းနစ်ဆွာရတ်ဇ်ကို ခေါ်ယူဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

 

ငွေကြယ်