စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ကျောက်တံခါးမြို့မ ဈေးအတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေး

ကျောက်တံခါး ၁၈ ဇန်နဝါရီ


ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ပဲခူးခရိုင် စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက် ဦးဆောင်၍ တိုင်းဒေသကြီး ဦးစီးဌာနရုံးမှ ဝန်ထမ်းများသည် ယနေ့ နံနက် ၁၀ နာရီက ကျောက်တံခါးမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီအဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ မြို့မိမြို့ဖများနှင့် ပူးပေါင်း၍ မြို့မဈေးအတွင်းနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့သည်။

 

mdn

 

မြို့မဈေးအတွင်းနှင့် မြို့ပေါ်ရှိ လက်လီလက်ကား ရောင်းချနေသော ကုန်စုံဆိုင်များ၌ FDA ဌာနမှ ကြေညာထားသော စားသုံးရန်/သုံးစွဲရန် မသင့်သည့် ကုန်စည်များ ရောင်းချနေမှု ရှိ/မရှိကို ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ရာ စားသုံးရန်မသင့်သည့် သက်တမ်းလွန်မုန့်များ၊ အချိုရည်များ၊ အေးခဲကြက်သားများ၊ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၊ ကျင်းထုံ ခြင်ဆေးခွေများအား တွေ့ရှိခဲ့သဖြင့် အဖွဲ့မှ သိမ်းဆည်းကာ ဆိုင်ရှင်များအား စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီမှ ထုတ်ပြန်ကြေညာထားသော စာအမှတ်စဉ် ၁/၂၀၁၈ အား အသိပညာပေး ဖြန့်ဝေခဲ့ပြီး သိမ်းဆည်းရမိသော ပစ္စည်းများအား ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနရုံးဝန်းအတွင်း၌ ဖျက်ဆီးမြေမြှုပ်ခဲ့ကြောင်း သိရသည်။


ခင်ကို(ကျောက်တံခါး)

mdn

 

mdb

 

mdn