စိုင်းထီးဆိုင်၏ တေးသီချင်းတွေကိုပြန်လည် ဖန်တီးလိုက်သည့် ဘိုဖြူ နှင့် မီမီဝင်းဖေ

၁၈ ဇန်နဝါရီ 


အဆိုတော် ဘိုဖြူနှင့် မီမီဝင်းဖေတို့၏ "လွန်ဆန်နိုင်မလားအချစ်"  စီးရီးကို ယခုလ ၁၉  ရက်နေ့တွင်  "လှိုင်း" တေးသံသွင်းကနေ စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။ အဆိုပါ တေးစီးရီးထဲက တေးသီချင်းများသည် ကွယ်လွန်သူ အဆိုတော် စိုင်းထီးဆိုင်း၏ အောင်မြင်ခဲ့သော တေးသီချင်းများဖြစ်ပြီး ယင်းစီးရီးကို လွန်ခဲ့သော သုံး နှစ်ကျော်ကတည်းက ထွက်ရှိနိုင်ရန်အတွက် အဆိုတော် ဘိုဖြူနှင့် မီမီဝင်းဖေ တို့မှ တိုင်ပင်ခဲ့ကြောင်း သိရသည်။

 

123


ပရိုဂျူဆာ ကိုငယ်


"ကျွန်တော်အနေနဲ့ စီးပွားရေးအရဆိုရင် ကိုယ့်အတွက်မကျန်ဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့်ကျွန်တော် ကိုစိုင်းရဲ့ သီချင်းတွေကို အားလုံးပြန်ခံစားစေချင်တဲ့ ဆန္ဒအနေနဲ့ လုပ်တာဆိုလည်း မမှားပါဘူး၊ ဒါကြောင့်  ဖန်တီးဖြစ်ကြတာပါ"

852


အဆိုတော် မီမီဝင်းဖေ


"မမီကတော့၊ ဆရာတွေကိုကျေးဇူးတင်ပါရစေ၊ အထူးသဖြင့် ကိုထီး မိသားစုလည်းပေါ့နော်၊ ကျွန်မက ကိုယ်ပိုင်သံစဉ်လေးတွကို ကြိုက်တာကြောင့်လည်း ဆိုဖြစ်တာပါ၊ ကိုယ်ပိုင်သံစဉ်ကို ကြိုက်တယ်လို့ ပြောလို့ရပါတယ်၊ ပြန်ပြီးတော့ သီချင်းတွေကို ဖန်တီးတဲ့အခါ အများကြီးတိုင်ပင်ခဲ့ရတာတွေလည်းရှိပါတယ်၊ နည်းနည်းလေးဖြည့်ထားတာကလွဲလို့ မူရင်းအရသာလေးတွေ ဒီအတိုင်းပဲထားပါတယ်၊ ကျွန်မအနေနဲ့ ဒီသီချင်းတွေကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက လုပ်ဖို့ပြင်ဆင်ခဲ့တာပေါ့နော်၊ ကြားထဲမှာ ကျွန်မ ကျန်းမာရေးအခြေအနေ ဆိုးလာတာမို့၊ မလုပ်တော့ဘူးဆုံးဖြတ်ခဲ့ပါသေးတယ်၊ ဒါပေမယ့် အခုလို ပြန်ပြီး ကောင်းလာတာနဲ့ ကျွန်မဒီအခွေလေးလုပ်ဖို့  စဉ်းစားရာကနေ အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ "

456


အဆိုတော် ဘိုဖြူ


ကျွန်တော်တို့က ဆရာစိုင်းခမ်းလိတ်၊ စိုင်းဆေနော်၊ စိုင်းခမ်းသီ သီချင်းဟောင်းတွေကို ပြန်လည်သီဆို ထားပါတယ်။ ဟိုးအရင်တုန်းက သီချင်းတွေထဲမှာ ခေါင်းစဉ်သီချင်းဖြစ်တဲ့ လွန်ဆန်နိုင်မလား အချစ်လေးလည်း ပါပါတယ်။ ဟိုးအရင် အန်တီအယ်လ် ခွန်းရီသီချင်းတွေကို မမီက ပြန်ဆိုထားတာပါ။ ပရိသတ်တွေ အဝနားထောင်နိုင်ဖို့ သီချင်းတွေအများကြီး ထည့်ထားပါတယ်။ အရင်တုန်းက ကောင်းပြီးသား သီချင်းတွေကို ဒါထက်ပိုကောင်းအောင် ဆိုထားပါတယ်။


အဆိုပါတေးစီးရီးတွင် တေးသီချင်း ၁၄ ပုဒ် ပါဝင်ပြီး၊ တေးစီချင်းများကို တေးရေး - စိုင်းခမ်းလိတ်၊ စိုင်းခမ်းသီ၊ စိုင်းဆေးနော်  တို့က ရေးသားထားကြကြောင်း သိရသည်။  


ကိုလင်း