ဓနုဖြူမြို့မဈေးအတွင်း ဓာတုဆေးဝါးသုံးစွဲထားသောမုန့်များနှင့် အစားအသောက်များ ရောင်းချခြင်းရှိမရှိစစ်ဆေး

ဓနုဖြူမြို့မဈေးအတွင်းတွင် ခရိုင် FDA အဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ဌာနဆိုင်ရာများ ပူးပေါင်း၍  ဈေးအတွင်းရှိ မုန့်မျိုးစုံ အရောင်းဆိုင်များ၊ အသီးအနှံများ၊ မုန့်ဟင်းခါးစက်များသို့ ယနေ့ ဒီဇင်ဘာ ၁၉ရက်နေ့၊ မနက် ၉ နာရီမှ စတင်၍ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့စစ်ဆေးရာတွင် မုန့်များ၊ အသီးအနှံများ၊ ငရုတ်သီး၊ ပဲပြား၊ ငါးပိ၊ မုန့်ဟင်းခါးတို့တွင် ဓာတုဆေးဝါးများ သုံးစွဲထားခြင်းရှိမရှိ၊ FDA ထောက်ခံချက်ပါမပါ၊ အမှတ်တံဆိပ် မပြည့်စုံသော မုန့်များ၊ သက်တမ်းလွန် မုန့်များ ရောင်းချမှု ရှိမရှိ အဓိကထား၍ စစ်ဆေးပေးခဲ့ကြသည်။  

 

အောင်သူဟိဏ်း(ဓနုဖြူ)