ဒီဇင်ဘာ(၁)ရက်မှစတင်ပြီး အမြန်လမ်းမကြီးပေါ် ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးအရေးယူ

အမြန်လမ်းမကြီး ဥပဒေသတ်မှတ်ပြဋ္ဌာန်းထားချက်အရ အမြန်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်စီးနင်းမှု မရှိစေရေးနှင့် စီးနင်း၍ထိခိုက်ဒဏ်ရာရရှိပါက ဆိုင်ကယ်စီးနင်းသူသာလျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ဥပဒေပညာပေးဆွေးနွေးခြင်း၊ တားမြစ်ထိန်းသိမ်း အသိပေးခြင်းများ ပြုလုပ်၍ ပညာပေး ကာလသတ်မှတ် ဆောင်ရွက်ခဲ့သည်။ သို့သော်အမြန်လမ်းမပေါ် ဆိုင်ကယ်စီးနင်းသူများ ပိုမိုများပြားလာသည့်အပြင် လမ်းပြောင်းပြန်စီးနင်းခြင်းများအထိ ပြုလုပ်လာသဖြင့် ဒီဇင်ဘာ(၁)ရက်မှစတင်ပြီး အမြန်လမ်းမပေါ် ဆိုင်ကယ်စီးနင်းခြင်းများကို ဖမ်းဆီး၍ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ကျေးလက်နေပြည်သူများ အမြန်လမ်းမပေါ် ဆိုင်ကယ်စီးနင်းမှု မရှိစေရေးသက်ဆိုင်ရာမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တားမြစ်ချက်ထုတ်ပြန်ပေးခြင်း၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့အင်အား အနည်းငယ်ဖြင့် ရန်ကုန်-မန္တလေး ၃၅၂/၆ မိုင် အကွာအဝေးအတွင်း ကွက်လပ်မကျန် စောင့်ကြည့်ရန် အခက်အခဲကို ပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် ကူညီ၍ ခရီးသွားပြည်သူများမှ အမြန်လမ်းမပေါ် ဆိုင်ကယ်စီးနင်းသူများ တွေ့ရှိပါက နီးစပ်ရာ အမြန်လမ်းရဲကင်းများတွင် ဝင်ရောက်သတင်းပို့ခြင်းများဖြင့် ကူညီကြရန် ဖိတ်ခေါ်ထားပြီး အမြန်လမ်းရဲတပ်ဖွဲ့ဝင်များကလည်း လမ်းမကြီးတစ်လျှောက် လှည့်ကင်းများဖြင့် ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)