ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ

နေပြည်တော် ၃၀ ဒီဇင်ဘာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅၊ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်) တနင်္လာနေ့၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူထားကြောင်း အမျိုးသားလွှတ်တော်ရုံးမှ သိရသည်။

MDN