ဟိုပုံး၊ ကလော၊ ဆီဆိုင်မြို့နယ်တို့တွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီး

နေပြည်တော် ၁၉ ဇန်နဝါရီ 


ဟိုပုံးမြို့နယ်၊ ဖက်ရမ်းလေးကျေးရွာ အနောက်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက်တွင် အမြင့် ၁ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၅)ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။


အလားတူ ကလောမြို့နယ်၊ မြောင်ချောက်ကျေးရွာရှိ ဘိန်းစိုက်ခင်း (၁၀ ဒသမ ၅)ဧကခန့်အား လည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ နောင်အဲကျေးရွာအနီးရှိ ဘိန်းစိုက်ခင်း (၂၅)ဧကခန့်အား လည်းကောင်း၊ မြို့နယ်(၃) မြို့နယ်မှ စုစုပေါင်း ဘိန်းစိုက်ခင်း (၆၀ ဒသမ ၅)ဧကအား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN