ကိုလံဘီယာ ရဲအကယ်ဒမီ သင်တန်းကျောင်းတွင် ကားဗုံးပေါက်ကွဲ ၉ ဦးသေဆုံး

mdn

၁၈ ဇန်နဝါရီ

 

ကိုလံဘီယာ မြို့တော်ရှိ ရဲအကယ်ဒမီသင်တန်းကျောင်းတွင် ယမန်နေ့က ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ၉ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

mdn

 

အဆိုပါ ယာဉ်မောင်းဖြစ်သူက ရဲအကယ်ဒမီသင်တန်းကျောင်းကို ကားဖြင့်ဝင်တိုက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ရဲတပ်ဖွဲ့ဝင်အများအပြားနှင့် ၎င်းတို့၏ မိသားစုများသည် ပွဲတော်တစ်ခု ကျင်းပရန် ရောက်ရှိနေစဉ် ၎င်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းကားဗုံးပေါက်ကွဲမှုသည်  မည်သူ့လက်ချက်ဆိုသည်ကို ယခုချိန်ထိ မသိရှိရသေးပေ။

 

mdn

 

သမ္မတ အိုင်ဗင် ဒူကွီ က ယင် ပေါက်ကွဲမှုဖြစ်ရပ်ကို အထိတ်တလန့် ဖြစ်စေသည့် တိုက်ခိုက်မှုအဖြစ် ရှုတ်ချပြောဆိုခဲ့သည်။

 

အစိုးရနှင့် အစိုးရဆန့်ကျင်သော ကိုလံဘီယာ ပြောက်ကျားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (FARC) တို့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၂၀၁၆ ခုနှစ်က ရရှိခဲ့ပြီး ယခုအစိုးရကလည်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( ELN  ) ဖြစ်သည့် အခြားပြောက်ကျားအုပ်စုနှင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ခြောက်လက သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ အိုင်ဗင်က FARC အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြန်လည်သုံးသပ်မည် ဖြစ်ပြီး ELN အဖွဲ့နှင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

FARC အဖွဲ့သည် သမ္မတကို ဆန့်ကျင်ခဲ့ကြပြီး ယင်းအဖွဲ့ဝင်အချို့မှာ တော်လှန်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခဲ့ကြောင်း နှင့် ELN အဖွဲ့ကလည်း ၎င်းတို့လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်မည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို