ကလေးမြို့တွင် ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက ကလေးမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်နှင့် အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ထို့သို့စစ်ဆေးရာတွင် သက်တမ်းလွန်စားသုံးရန်မသင့် အစားအသောက်လေးမျိုးကို ကုန်စုံဆိုင် လေးဆိုင်မှလည်းကောင်း၊ အလှကုန်ပစ္စည်းငါးမျိုးကို အလှကုန်ဆိုင် သုံးဆိုင်မှလည်းကောင်း တွေ့ရှိသိမ်းဆည်းခဲ့ပြီး နောက်နောင်တွင် ထိုကဲ့သို့ အစားအသောက်၊ အလှကုန်များ ရောင်းချခြင်းမပြုရန် ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ကြောင်း၊ ဓာတ်ခွဲစစ်ဆေးရန် အလှကုန်ပစ္စည်းလေးမျိုးနှင့် အစားအသောက်ရှစ်မျိုးတို့ကို နမူနာဝယ်ယူခဲ့ကြောင်း သတင်းရရှိသည်။

 

 

ချင်းတွင်းသား