ကမ္ဘာ့အသက်အကြီးဆုံးလေထီးခုန် ၁၀၂ နှစ်ရွယ် ဘွားဘွား

သြစတြေးလျနိုင်ငံတောင်ပိုင်း ကောင်းကင်မှာ အမြင့်ပေ ၁၄၀၀၀ ကနေ လေထီးနဲ့ ခုန်ချတဲ့ အသက် ၁၀၂ နှစ် အရွယ်ဘွားဘွားဟာ ကမ္ဘာမှာ အသက်အကြီးဆုံး လေထီးခုန်သူအဖြစ် မှတ်တမ်းဝင်ပြီဖြစ်ပါတယ်။ 

စွန့်စွန့်စားစားလုပ်ဆောင်မှုတွေကို သဘောကျတဲ့ အသက်တစ်ရာကျော် ဘွားဘွား အိုင်ရင်း အိုရှီယား က “တစ်နာရီကို ၂၂၀ ကီလိုမီတာ လေတိုက်အားရှိတဲ့အတွက် သူ့ပါးတွေက တလှပ်လှပ်နဲ့ ဖြစ်တယ်။ ကောင်းကင်ယံမှာ ရှိနေစဉ် ရာသီဥတုက ကောင်းပါတယ်။ တိမ်ကင်းစင်တယ်။ ဒါပေမယ့် အရမ်းအေးတယ်” လို့ သြစတြေးလျ သတင်းဌာနတွေကို ပြောပါတယ်။ 

၂၀၁၆ ခုနှစ်က ဘွားဘွား အိုင်ရင်း အသက် ၁၀၀ ပြည့်မှာ ပထမဦးဆုံး လေထီးခုန်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ လေထီးခုန်ချိန်မှာ ဘွားဘွားအိုင်ရင်းဟာ အသက် ၁၀၂ နှစ်နဲ့ ၁၉၄ ရက် ရှိပြီတဲ့အတွက် သမိုင်းစာအုပ်မှာ နေရာတစ်ခုရသင့်ပါတယ်လို့ ပြောဆိုနေပါတယ်။ 

ဘွားဘွားအိုင်ရင်း ရဲ့သမီး ဖျားနာသေဆုံးပြီးနောက်မှာ motor neurone disease (MND) လို့ခေါ်တဲ့ အာရုံကြောတွေပျက်စီးယိုယွင်းတဲ့ရောဂါရှင်တွေအတွက် အလှုငွေရှာဖွေ လုပ်ဆောင်နေခဲ့သူဖြစ်ပါတယ်။

MDN
ကိုးကား- AFP