ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် လူဦးရေ ၆၀ဝ ကျော်အီဘိုလာကူးစက်ခံနေရ

ကင်ရှာဆာ   ၁၅   ဇန်နဝါရီ

 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် လူဦးရေ ၆၀ဝ ကျော် (၅၈၀ ကူးစက်ခံနေရ၊ ၄၈ ဦး သံသယရှိ) အီဘိုလာ ကူးစက်ခံနေရကြောင်းနှင့် အီဘိုလာကြောင့် ၃၈၃ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ချ်အို) က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

 

အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခက်ခဲနေသေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံအရှေ့ပိုင်းတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော ကြောင့်ဖြစ်ကြောင်း ဒဗလျူအိတ်ချ်အို၏ ထုတ်ပြန်ချက်ထားသည်။

 

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံသည် အီဘိုလာကို ၁၉၇၆ ခုနှစ်က ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့သည်။ ထိုအချိန်က ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံကို ဇိုင်ယာသမ္မတနိုင်ငံဟု ခေါ်ခဲ့သည်။ အီဘိုလာမြစ်မှ ပျံ့နှံ့ကူးစက်ခဲ့သောကြောင့် ယင်းရောဂါကို ယခုအခါ အီဘိုလာရောဂါဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ပိုင်း သိပ္ပံပညာရှင်များက ၂၀၁၃ခုနှစ်မှ ၂၀၁၆ ခုနှစ်ကြား အနောက်အာဖရိက နိုင်ငံသုံးနိုင်ငံတွင် ဖြစ်ပွားခဲ့သော အီဘိုလာကူးစက်မှုကို တားဆီးနိုင်မည့် ကာကွယ်ဆေးထုတ်လုပ်နိုင်ခဲ့ပြီး အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ အဆိုပါ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် လူပေါင်း ၁၁၀ဝ၀ ကျော် သေဆုံးခဲ့သည်။

 

လတ်တလောရက်ပိုင်းတွင် အီဘိုလာရောဂါ ဖြစ်ပွားမှု ၁၆ ခုကို မြောက်ပိုင်း ကီဗူနှင့်အီတူရီပြည်နယ်ရှိ နေရာအနှံ့အပြားတွင် ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် တွေ့ရှိခဲ့ရာ နေရာများမှာ ဘူတန်ဘိုတွင် ခြောက်ခု၊ ကတ်ဝတွင် ငါးခု၊ အွိုင်ချာတွင် နှစ်ခု၊ မာဘယ်လာကို၊ ကျွန်ဒိုနှင့် ကလန်ဂူတာတွင် တစ်ခုစီဖြစ်ကြောင်း ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

 

အေအက်ဖ်ပီ