လာအိုနိုင်ငံမှာ ရေအားလျှပ်စစ်ထုတ်ယူဖို့ တည်ဆောက်နေတဲ့ ဆည်ကျိုးကျလို့ လူရာချီပြီးပျောက်ဆုံး

၂၄ ဇူလိုင်

လာအိုနိုင်ငံရဲ့ အရှေ့တောင်ဘက်မှာ ရေအားလျှပ်စစ်ထုတ်ယူဖို့ တည်ဆောက်နေတဲ့ ဆည်တစ်ခု ကျိုးကျတဲ့အတွက် ရာချီတဲ့လူတွေ ပျောက်ဆုံးနေပြီး သေဆုံးသူအရေအတွက်ကိုအတိအကျ မသိသေးဘူးလို့ အစိုးရပိုင်သတင်းဌာနကနေ ထုတ်ပြန်သွားပါတယ်။

လာအိုနိုင်ငံ အရှေ့တောင်ဘက်ရှိ ဆန်နမ်ဆီပြည်နယ်တွင်းက ရေးအားလျှပ်စစ်ထုတ်ယူတဲ့ ဆည်ကျိုးကျတာဖြစ်ကြောင်း အဲဒီကနေ ရေ ကုဗမီတာ ၅ ဘီလီယံလောက် ထွက်ကျသွားကြောင်း၊ အဲဒီဒေသ ရှိတဲ့ အိမ်တော်တော်မှာ ရေထဲ မျောပါသွားကြောင်း၊ သေဆုံးသူရှိကြောင်းနဲ့ ရာချီပြီး ပျောက်ဆုံးနေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

အခုပြိုကျသွားတဲ့ ဆည်ဟာ လာအို အစိုးရနဲ့ PNPC ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်တဲ့ ဆည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ကုန်ကျခံပြီး ၂၀၁၂ ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနစ်မှာ လျှပ်စစ်ဓာတ်အား ၄၁၀ မီဂါဝပ် ထုတ်လုပ်ဖို့ ရည်မှန်းထာကြောင်း သတင်းမှာ ရေးသားထားပါတယ်။

ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံဟာ ရေအားကနေ လျှပ်စစ်ဓာတ်လုပ်ပြီး ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေကို ရောင်းချနေရပါတယ်။ နိုင်ငံတွင်းမှာ ဆည်တော်တော်များ တည်ဆောက်ဖို့ ရှိနေသလို တချို့ကလည်း တည်ဆောက်ဆဲဖြစ်ပါတယ်။

MDN

ကိုးကား AFP