လက်မှတ်တွေ ရောင်းမလောက်အောင် ဖြစ်ခဲ့ရတဲ့ ဂျောနီဒပ်တို့ရှိုးပွဲ

၆ ဇူလိုင်

အဲလစ်ကော်ပါး၊ ဂျွန်နီဒပ်၊ ဂျိုးပယ်ရီ တို့ပါဝင်တဲ့ Hollywood Vampires အဖွဲ့ဟာ ကြာသပတေးနေ့က ကျင်းပတဲ့ Montreux Jazz ပွဲတော်မှာ ရော့ခ်သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပြီး လက်မှတ်တွေအားလုံးလည်း ရောင်းကုန်သွားတယ်လို့ သိရပါတယ်။

အမေရိကန် အဆိုတော်တွေဟာ မိနစ်၉၀စာ ဖျော်ဖြေမှုအတွင်း အကုန်လုံး အနက်ရောက်ဝတ်စုံနဲ့ လည်ပင်း မှာလည်း ငွေရောင်ဆွဲကြိုးတွေ ဆွဲထားခဲ့ကြပါတယ်။ ကော့ပါးကတော့အသက် ၇၀ ရှိပြီဖြစ်ပြီး မျက်လုံးကိုလည်း အနက်တွေချယ်ထားပါတယ်။

mdn

အသက် ၅၅နှစ် ရှိပြီဖြစ်တဲ့ ဂျွန်နီဒပ်ကတော့ တက်တူးအပြည့်နဲ့ပါ။ ပယ်ရီကတော့ အသက် ၆၇ နှစ်ရှိပါပြီ။ လူငယ်လေးတွေ မဟုတ်တော့တဲ့ ဒီအဖွဲ့ဟာ စင်ပေါ်ကနေ ပရိသတ်ကိုအကောင်းဆုံး ဖမ်းစားသွားနိုင်ပါတယ်။ ကျွန်တော်တို့အဖွဲ့ဟာ Vampires အဖွဲ့ဖြစ်တယ်။ ဒီနေ့ သူငယ်ချင်းဟောင်းတွေနဲ့ ဆုံတွေ့တဲ့ အဖွဲ့လည်းဖြစ် တယ်လို့ ကော့်ပါးက စင်ပေါ်ကနေ ပြောသွားပါတယ်။

၁၉၇၀ ဝန်းကျင်ခန့်က Hollywood Vampires ဆိုတာ လော့စ်အိန်ဂျလိစ်မြို့က ရော့ခ်သမားတွေအတွက် သောက်ဖော်သောက်ဖက် ကလပ်တစ်ခုလည်းဖြစ်တယ်။ Hollywood Vampires အဖွဲ့ကို ၂၀၁၅ ခုနှစ်က ဂျွန်နီဒပ်၊ ကော့ပါးနဲ့ ဂျိုးပယ်ရီတို့ကနေ ၁၉၇၀ ပြည့်နှစ် ဝန်းကျင်က သေဆုံးသွားခဲ့တဲ့ ရော့ခ်ကြယ်ပွင့်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဖွဲ့ထားတဲ့အဖွဲ့လည်းဖြစ်တယ်။

အဲဒီနေ့ကပွဲမှာ ဂျော်နီ်ဒပ်ကိုကြည့်ရတာ သူ့ရဲ့အောင်မြင်လှတဲ့ ရုပ်ရှင်ဖြစ်တဲ့ Pirate of the Caribbean ထဲက ဂျက်စပဲရိုးဇာတ်ကောင်နဲ့ အတော်တူပါတယ်။ အတွဲညီညီ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြတဲ့ သူတို့အဖွဲ့ကို အောက်က ပရိသတ်တွေကလည်း တခဲနက် အားပေးခဲ့ကြတယ်လို့သိရပါတယ်။

ခြူးစန္ဒီနွေး(မြန်မာ့အလင်း)