လည်ချောင်းကင်ဆာ ဝေဒနာရှင်များ အသံပြန်ရနိုင်တဲ့ အက်ပလီကေးရှင်း အသစ်

၁၂ ဇန်နဝါရီ

ချက်နိုင်ငံမှတက္ကသိုလ် နှစ်ခုကနေ တီထွင်လိုက်တဲ့ လည်ချောင်းကင်ဆာဝေဒနာရှင်များ အတွက် အသံပြန်ရနိုင်တဲ့ အက်ပလီကေးရှင်းအဖြစ် အဆင့်မြှင့်တင်လိုက်ကြောင်း သိရပါတယ်။

လည်ချောင်းကင်ဆာဝေဒနာရှင်များမှာ အသံအိုးကို ဖယ်ထုတ်လိုက်ရတာမျိုး သို့မဟုတ် ကုသစဉ်မှာ ဝေဒနာရှင်ရဲ့ အသံပျောက်သွားတာမျိုးတွေဟာ လည်ချောင်းကင်ဆာဝေဒနာရှင်တွေကို ကုသတဲ့ နည်းတွေမှာ ဖြစ်လေ့ ရှိပါတယ်။ 

mdn

အသက် ၅၁ နှစ်အရွယ် ကလေး ၄ ယောက်ဖခင် ဗလပ်တီမီး ဂူလာဟာ လည်ချောင်းကင်ဆာ ရောဂါခံစား ခဲ့ရပေမယ့် သူ့ကလေးတွေ စကားပြောဆက်သွယ်ရာမှာ စက်ရုပ်အသံမျိုးထက် သူ့ကိုယ်ပိုင်အသံနဲ့ စကားပြောနိုင်ပါတယ်။ ဝေဒနာရှင်ပြောချင်တဲ့စကားကို မိုဘိုင်းဖုန်းမှာ စာရိုက်ပြီး သူ့အသံနဲ့ ပြန်လည်ထွက်လာအောင် ပြုလုပ်တာမျိုးဖြစ်ပါတယ်။ ဂူလာရဲ့ လည်ချောင်းမှာ ကျပ်ပြားစေ့ဝိုင်းပုံစံ အသံထွက်တဲ့ စက်ကို တပ်ဆင်ထားပေမယ့် အဲဒီစက်ကို အသုံးပြုဖို့အတွက် သူဟာ မကျွမ်းကျင်တဲ့အတွက် အခု အက်ပလီကေးရှင်းက သူ့အတွက် အင်မတန်အသုံးဝင်ကြောင်း သတင်းဌာနတွေကို ပြောပါတယ်။ 

အခုနည်းပညာဟာ ဝေဒနာရှင်ရဲ့ ပြုလုပ်ထားတဲ့ အသံကို ဖမ်းထားပြီး မိုဘိုင်းဖုန်း၊ လက်ပ်တော့၊ တပ်ဘလက်များမှာ ထည့်သွင်းထားတဲ့ အက်ပလီကေးရှင်းကနေ မူလအသံအဖြစ် ပြန်လည် ထုတ်ပေးနိုင်တာမျိုး ဖြစ်ပါတယ်။ ဝေဒနာရှင်တွေဟာ စာကြောင်း ၁၀ဝ၀ဝ လောက်ကို အသံသွင်းထားပြီး မူရင်းအသံရအောင် ဝေဒနာရှင်နဲ့ ပညာရှင်တွေက ပူးပေါင်းပြီး အသံတည်းဖြတ်ရပါတယ်။ ဒါမှလည်း ဝေဒနာရှင်ရဲ့ မူရင်းအသံကို အက်ပလီကေးရှင်းကနေ ပြန်လည်ထုတ်ပေးနိုင်မှာ ဖြစ်တယ်လို့ စာကြောင်းကနေ အသံထွက်ပြုလုပ်နိုင်တဲ့ ပညာရှင် ဂျင်းဒရစ် မာတိုးဆက်က ပြောပါတယ်။ 

mdn

အဲဒီအက်ပလီကေးရှင်းကို အဆင့်မြှင့်လိုက်တဲ့ ချက်နိုင်ငံက West Bohemia နှင့် Prague's Charles တက္ကသိုလ်နှစ်ခုနဲ့ ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ နှစ်နှစ်က စပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

MDN 
ကိုးကား- AFP