လူမှောင်ခိုလမ်းကြောင်းကို ပိတ်လိုက်သော်လည်း ဥရောပသို့ ခိုးဝင်ရန် အိပ်မက်ကို လက်မလျှော့ကြသေး

mdn

ခြူးစန္ဒီနွေး

 

မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပနိုင်ငံတွေဆီ ဝင်ရာက်နေထိုင်နိုင်ဖို့ ကြိုးပမ်းကြတဲ့ အာဖရိကက ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့အကြောင်းကို ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ မကြာခဏတွေ့ မြင်နေရပါတယ်။ ဥရောပက ခေါင်းဆောင်တွေဟာ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုပြီး အကျပ်ကျပ်ရိုက်နေရပါတယ်။

 

sဆင်းလာ ဒါပေမယ့်လည်းမြေထဲပင်လယ် ကိုဖြတ်ကျော်လာတဲ့ အာဖရိကက ရွှေ့ပြောင်းဒုက္ခသည် ဝင်ရောက်မှုနှုန်းဟာ ယခင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ကျဆင်းလာပြီလို့ သိရပါတယ်။ ဘာလို့လဲဆိုရင် ရွှေ့ပြောင်း ဒုက္ခသည်တွေ သွားလာရာလမ်းကြောင်းမှာ ထိန်းချုပ်မှု တွေ ပြုလုပ်လိုက်တာကြောင့်ပါ။ 

 

နိုင်ဂျာနိုင်ငံ အက်ဂဒတ်မြို့မှာ နေထိုင်တဲ့ ဘတ်ချီရာအာမာဟာ လူမှောင်ခိုသမားတစ်ဦး ဖြစ်ပါတယ်။ “ဥပဒေအသစ် စတင်ထုတ်လိုက်တဲ့ အချိန်ကစလို့ လူမှောင်ခိုကူးပြီး လစ်ဗျားနယ်စပ်အထိ လူတွေကို သယ် ယူပို့ဆောင်ပေးတဲ့ အလုပ်ကိုမလုပ် တော့ပါဘူး” လို့ ပြောပါတယ်။ 

 

“အခုအသစ်ထုတ်ထားတဲ့ ဥပဒေ က အရင်ကနဲ့ မတူပါဘူး။ အလွန်ကို ပြင်းထန်ပါတယ်။ လူမှောင်ခိုကူးတာ ဖမ်းမိသွားရင် ကိုယ်ပိုင်တဲ့ယာဉ်ကို တင်သိမ်းတာမဟုတ်ဘူး။ ထောင်ထဲ မှာလည်း နှစ်တွေအကြာကြီးနေရမှာ” လို့ သူက ဆက်ပြောပါတယ်။ 

 

အများကြီးဝင်ငွေကောင်း 

 

ဥပဒေအရ ဖြေလျှော့ပေးမှုတွေ ရှိလာခဲ့ရင်တော့ အရင်လိုလူမှောင် ခိုကူးတဲ့အလုပ်ကိုပဲ ပြန်လုပ်မှာ။ ဘာလို့ လဲဆိုတော့ အဲဒီအလုပ်က တစ်ပတ် မှာ ဒေါ်လာ ၆၀ဝ၀ လောက်ရတယ်လေ။ အခြားအလုပ်တွေထက် အများ ကြီး ပိုပြီးဝင်ငွေကောင်းတယ်။ 

 

အာမာပြောတဲ့ ဥပဒေကတော့ နိုင်ဂျာနိုင်ငံ မြောက်ပိုင်းကိုဖြတ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို သယ်ယူ ပို့ဆောင်ပေးမှုကို တားဆီးထားပြီး နိုင်ဂျာအစိုးရကို ဥရောပနိုင်ငံတွေက ဖိအားပေးခဲ့တဲ့နောက် ၂၀၁၅ ခုနှစ်က စပြီး အဲဒီလိုဥပဒေကို တင်းကျပ်ကျပ်ခဲ့တာပါ။ 

 

အဲဒီမတိုင်ခင်တုန်းကတော့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိပါတယ်။ နိုင်င်ဂျာနိုင်ငံဟာ အနောက်အာဖရိက နိုင်ငံများ စီးပွားရေးအသိုက်အဝန်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး လူတွေဟာ အတားအဆီးမရှိ လွတ်လွတ် လပ်လပ် သွားလာလှုပ်ရှားခွင့် ရှိပါတယ်။ ယာဉ်တန်းကြီးနဲ့အတူ လူတွေကို တင်ဆောင်ပြီး သွားတဲ့အခါ ရဲတွေကတောင် ရံဖန်ရံခါ အစောင့်အရှောက်အဖြစ် လိုက်ပါဆောင် ရွက်ပေးတာမျိုး ရှိပါတယ်။

 

 ရှေ့ဆက်ဖို့မလွယ်ကူ 

 

၂၀၁၅ မတိုင်ခင်တုန်းကတော့ အက်ဂဒတ်ဒေသမှာ လူမှောင်ခိုကူးတဲ့ လူပေါင်း ၆၀ဝ၀ ခန့်ရှိတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင် မှုများအဖွဲ့အစည်းရဲ့ စာရင်းဇယားအချက် အလက်များအရ သိရပါတယ်။ ဒီလူတွေဟာ ဥရောပကို ဦးတည်သွားရောက်ကြမယ့် လူပေါင်း ၃၄၀ဝ၀ဝ ခန့်ကို ဆာဟာရ သဲကန္တာရကို ဖြတ်ပြီး လစ်ဗျားနယ်စပ် အထိ လိုက်ပို့ပေးကြပါတယ်။ 

 

အခုတော့ အရင်လိုမရတော့ပါဘူး။ အာဖရိကက ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ခရီးစဉ်ဟာ နိုင်ဂျာမှာတင်အဆုံးသတ် ပြီးရှေ့ဆက်ဖို့ မလွယ်ကူပါဘူး။ ဥရောပ ကို သွားရောက်ဖို့အတွက် အန္တရာယ်တွေ အခက်အခဲတွေ ရင်ဆိုင်ရပြီးတဲ့ နောက်မှာတော့ သူတို့ဟာ မူရင်းအရပ် ဒေသကို ပြန်ကြဖို့ပဲ ဆုံးဖြတ်လိုက်ကြ ပါတယ်။ 

 

နေရပ်ကိုပြန် 

 

အခုနှစ်အတွင်းမှာပဲ လူပေါင်း ၁၆၀ဝ၀ ခန့်ဟာ မိမိတို့ရဲ့ သဘောဆန္ဒအလျောက် နေရပ်ကိုပြန်ချင်တယ်ဆိုလို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့အစည်း က လိုက်လံပို့ဆောင်ပေးခဲ့ရတယ်လို့ သိရ ပါတယ်။ 

 

အသက် ၂၀ အရွယ် အာဖရိက အမျိုးသားတစ်ဦးကလည်း သူ့ရဲ့ နေရပ်ကို ပြန်ရင် ဘာလုပ်ကိုင် စားသောက်မလဲ ဆိုတာအတွက် အသေးစားစီးပွားရေး လုပ်ငန်းတည်ထောင်မှု သင်တန်းကိုလာ တက်ခဲ့ပ ါတယ်။ အသက် ၂၇ နှစ်အရွယ် ဆီရာလီယွန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ အူမာဆန်ခို့ဟာလည်း လူမှောင်ခိုသမား တွေကို ပိုက်ဆံပိုမပေးနိုင်တဲ့အခါ သူ့ကို ဆာဟာရသဲကန္တာရထဲမှာပဲ ထားရစ်ခဲ့ပါတယ်။

 

ကန္တာရထဲမှာ အသက်ရှင်နေထိုင်ဖို့ အတော်လေး ရုန်းကန်ရပါတယ်။ အစာ စားဖို့မပြောနဲ့ ရေတောင်သောက်စရာ မရှိပါဘူး။ တကယ့်ကို ဆိုးရွားတဲ့အချိန် တွေပါပဲ။ အခုဆိုရင် အူအာဆန်ခို့ဟာ ဥရောပကို သွားမယ်ဆိုတဲ့ အိပ်မက်ကို စွန့်လွှတ်လိုက်ပြီး အိမ်ကိုပဲပြန်ချင်တယ် လို့ ပြောပါတယ်။ “အခုဆိုရင် မိသားစုက လည်း ကျွန်တော့်ကို သေပြီလို့ ထင်နေကြ တာ။ ကျွန်တော်ပြန်လာရင် သူတို့ဝမ်းသာ လိမ့်မယ်”လို့ မစ္စတာဆန်ခို့က ပြောပါတယ်။ 

 

ကယ်တင်ရေးအစီအစဉ် 

 

ရွှေ့ပြောင်းနေထိုင်သူတွေ နယ်စပ်ကို ရောက်လာရင်လည်း သူတို့ကိုလိုက်ပို့ တဲ့လူကုန်ကူးသမားတွေက ပြန်ပေးသမားတွေဆီ တစ်ဖန်ရောင်းချတာကို ခံရပြန်ပါတယ်။ ပြန်ပေးသမားတွေဟာ ရွှေ့ပြောင်း နေထိုင်သူ တွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု တွေဆီ ငွေလှမ်းတောင်းပါတယ်။

 

ပိုက်ဆံမပေးနိုင်တဲ့ သူတွေဆိုရင် ညှဉ်းပန်းနှိပ်စက်ခံရပါတယ်။ လစ်ဗျား နိုင်ငံမှာလည်း နိုင်ငံရေးအရ တည်ငြိမ်မှု မရှိပါဘူး။ ဒီအခက်အခဲတွေကို ကျော် သွားပြီးလို့ မြေထဲပင်လယ်ကို ဖြတ်မယ် ဆိုရင်လည်း လမ်းခရီးမှာပဲ ရေနစ်မြုပ် သွားရတဲ့လူတွေ ရှိပါတယ်။

 

၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာတော့ ဥရောပသမဂ္ဂက အထောက်အပံ့ပေးတဲ့ အထူးအစီအစဉ်အရ အတိဒုက္ခရောက် နေတဲ့ လစ်ဗျားက ဒုက္ခသည်တွေကို ကယ်တင်ပေးဖို့ အစီအစဉ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစီအစဉ်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အကောင်အထည်ဖော်နေပြီး လူပေါင်း ၂၂၀ဝ ခန့်ကို နိုင်ဂျာနိုင်ငံကိုလုံခြုံစိတ်ချစွာပို့ဆောင် ပေးခဲ့ပါတယ်။ 

 

နိုင်ဂျာနိုင်ငံက နီယာမေမြို့တော် မှာ အဲဒီဒုက္ခသည်တွေဟာ အခြေချ နေထိုင်ပြီး ဥရောပနိုင်ငံဖြစ်တဲ့ ယူကေနဲ့ တခြားနိုင်ငံတွေဖြစ်တဲ့ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာ အခြေချနေထိုင် ခွင့်ရဖို့ စောင့်ဆိုင်းနေပါတယ်။


 
ကန္တာရအတွင်းသေဆုံးသူပိုများ 

 

လစ်ဗျားကနေ ကယ်ထုတ်လာခဲ့တဲ့ ဒုက္ခသည်တွေထဲမှာ အဖော်မပါဘဲ တစ်ကိုယ်တည်းလာကြတဲ့ ကလေးတွေ လည်းရှိပါတယ်။ လစ်ဗျားမှာပဲကယ်တင် ခံရခြင်းမရှိဘဲ ဒုက္ခရောက်နေကြတဲ့ ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးပမ်းသူတွေ၊ ဒုက္ခသည်တွေ အများကြီးရှိနေပါသေးတယ်။ 

 

သူတို့တစ်တွေဟာ ပြန်ပေးသမား တွေရဲ့ လက်ထဲမှာပဲ ရှိနေပါသေးတယ်။ အခုဆိုရင် နိုင်ဂျာမြောက်ပိုင်းကနေ ဖြတ်ပြီး လူတွေကို မှောင်ခိုပို့ဆောင် လို့မရတော့ လူကုန်ကူးသမားတွေဟာ အန္တရာယ်များတဲ့ လမ်းကြောင်း တွေကို ရွေးလာခဲ့ပါတယ်။

 

 မြေထဲပင်လယ်ထဲမှာ နစ်မြုပ်ပြီး သေရတဲ့ ရွှေ့ပြောင်းနေထိုင်သူအရေ အတွက်ထက် ဆာဟာရသဲက္တာရထဲမှာ သေဆုံးရတဲ့ အရေအတွက်ကတောင် ပိုများနေတယ်လို့ UNHCR  ရဲ့ နိုင်ဂျာ နိုင်ငံဆိုင်ရာဒေသတွင်း ကိုယ်စားလှယ် အလက်ဆန်ဒရာမော်ရယ်လီက ပြောပါတယ်။ အခု လမ်းကြောင်းအသစ်ဟာ လူမှောင်ခိုသမား တွေအတွက် ပိုက်ဆံ ပိုရပြီး အန္တရာယ်လည်း ပိုများပါတယ်။ သဲကန္တာရထဲမှာသေရင် လူမသိသူမသိ ဒီအတိုင်းစွန့်ပစ်လိုက်ရုံပါပဲ။ 

 

ပိုက်ဆံနှစ်ဆရ 

 

လူမှောင်ခိုသမား တစ်ဦးကတော့ သူ့နာမည်ကို ထုတ်ဖော်ပြောပြဖို့ ငြင်း ဆိုပြီး အီဘရာဟင်လို့ပဲ ခေါ်ပါလို့ ပြောခဲ့ပါတယ်။ အီဘရာဟင်ကတော့ ဆာဟာရကန္တာရကိုဖြတ်ပြီး လစ်ဗျား နယ်စပ်ကိုသွားမယ့် ခရီးစဉ်အတွက် ပြင်ဆင်နေပြန်ပါပြီ။ 

 

သူဟာဒေသခံ လူမှောင်ခိုသမားတွေအတွက် ကားမောင်းပေးတဲ့သူလည်း ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူအရေ အတွက်ပြည့်တဲ့အခါ သူတို့ကား စထွက်ပါတယ်။ ဒီခရီးစဉ်ဟာ အန္တရာယ်များ ပေမယ့် ဒီနေ့အတွက် ပိုက်ဆံရပြီးပြီဆိုတော့ အီဘရာဟင်ကတော့ သွားကို သွားရမှာပါပဲ။ အရင်တုန်းကတော့ လစ်ဗျားကို သွားဖို့ဆိုရင် အချိန်သုံးရက်ဆို လုံလောက်ပါပြီ။ ဒါပေမယ့် အခုအခါ မှာတော့ တစ်ပတ်လောက် အချိန်ယူရ ပါတယ်။ ပိုပြီးအချိန်ကြာပြီး အန္တရာယ် လည်းများတဲ့အတွက် ငွေလည်းနှစ်ဆ တောင်းလို့ရပါတယ်လို့ အီဘရာဟင်က ပြောပါတယ်။

 

လမ်းကြောင်းအဟောင်းပေါ် ပြန်ရောက် 

 

အရင်တုန်းကတော့ အီးယူအဖွဲ့က ပေးတဲ့ ရန်ပုံငွေတွေထဲကနေ လူမှောင်ခို သမားတွေကို မှောင်ခိုလုပ်ငန်းစွန့်လွှတ် ရင် အခြားအသက်မွေးဝမ်းကျောင်း အတွက် မွေးမြူရေးလုပ်ငန်းတွေလုပ် ကိုင်ဖို့ အကူအညီပေးမယ်၊ မော်တော် ဆိုင်ကယ်၊ ရေခဲသေတ္တာအစရှိတာတွေ ပေးမယ်ဆိုပြီး စည်းရုံးမှုတွေ ရှိခဲ့ပါ တယ်။ ဒါပေမယ့် တကယ်တမ်း ဘာမှ လက်ခံရရှိခြင်း မရှိတဲ့အခါမှာတော့ အရင်လမ်းအဟောင်းကို ပြန်ဆက် လျှောက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အီဘရာ ဟင်က ပြောပါတယ်။ 

 

ကိုးကား -ဘီဘီစီ