မအူပင်ကလေးစာပေပွဲတော်မှ ရင်တွင်းစကားသံများ

၂ ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကလေးစာပေပွဲတော်ကို ဒီဇင်ဘာ ၃၀ နှင့် ၃၁ ရက်တို့ က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ 

 

mdn

 

ကလေးစာပေပွဲတော်တွင်ပါဝင်ဆင်နွှဲကြသည့်သူများ၏ ရင်တွင်းစကားသံများအား တွေ့ ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။

 

ာိည

 

စာအုပ်တွေလည်းဝယ်ပါတယ်။ အင်္ဂလိပ် စာကဗျာရွတ်၊ စင်ဒရဲလားပြဇာတ်တွေ မှာလည်း ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ကင်းထောက်နေရာက တစ်ထောင့် တစ်နေရာ ပါဝင်ခွင့်ရတဲ့အတွက် အတိုင်းမသိ ပျော်ရွှင်မိပါတယ်။

 

mdn

 

သမီးအနေနဲ့ မအူပင်မြို့မှာ ကလေးစာပေပွဲတော် လာရောက်ကျင်းပပေးတဲ့အတွကကျေးဇူးတင်ပါတယ်။ စာအုပ်ဈေးရောင်းပွဲမှာလည်း ပုံပြင်စာအုပ်၊ လိမ္မာရေးခြားရှိစေမယ့် စာအုပ်၊ ဗဟုသုတရစေမယ့်စာအုပ်တွေကို ရွေးပြီးဝယ်ပါတယ်။

 

ာိည

 

ကျွန်မတို့ကျောင်းမှာ ကလေးစာပေပွဲတော် လာပြီးဆောင်ရွက်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်တွေက ကလေးတွေလည်း စာပေနဲ့ ထိတွေ့ခွင့်၊ ပါဝင်ဆင်နွှဲခွင့်ရတဲ့ အတွက် အားလုံးရဲ့ကိုယ်စား စီစဉ်ဆောင် ရွက်ပေးသူအားလုံးကို ရင်ထဲက လှိုက်လှိုက် လှဲလှဲကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။

 

mdn

 

ကာတွန်းနဲ့ပုံပြင်စာအုပ်တွေ၊ ဗဟုသုတပေး တဲ့စာအုပ်တွေကို ရွေးပြီးဖတ်ပါတယ်။ သုံး ယောက်တွဲခုံဖိနပ်စီးတာကို တစ်ခါမှမကစား ဘူးသေးတော့ သူငယ်ချင်းတွေနဲ့ အတူကစား ပါတယ်။

 

သူငယ်ချင်းတွေနဲ့အတူ ပါဝင်ဆင်နွှဲပါတယ်။ စာစီစာကုံးစာအုပ်တွေ၊ အင်္ဂလိပ်စာ အက်ဆေးစာအုပ်တွေ ဝယ်ပါတယ်။ ဆယ် တန်းစာမေးပွဲဖြေပြီးရင် ပြင်ပစာပေတွေ အများကြီးဖတ်မယ်လို့ အားခဲထားပါတယ်။ အခုတော့ ကျောင်းစာမှာ အထောက်အကူရအောင် (စု၊ တု၊ ပြု) ဖို့ စာအုပ်တွေကို ဝယ်ယူပါတယ်။

 

ကလေးစာပေပွဲတော်တွင် ကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်နှင့် အိမ်ဆောက်၊ စကားပုံဆက်ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ စာပေအသိ ပညာပေးဟောပြောဆွေးနွေးပွဲများ၊ ခါးလှည့်၊ ထုပ်ဆီးတိုး၊ သုံးယောက်တွဲခုံဖိနပ်စီး အစရှိသည့် ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းများ၊ ပြခန်းများနှင့် စာအုပ်ဈေးရောင်းပွဲတော်များပါ ထည့်သွင်းဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ကလေးစာပေပွဲတော်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မအူပင်ခရိုင် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ကလေးများ စာအုပ်စာပေဖတ်ရှုကာ ပညာရှာ ဖွေနိုင်သူများဖြစ်စေရန်၊ ပူးပေါင်းပါဝင်ဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝကာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် သူများဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ 

 

တွေ့ဆုံမေးမြန်း-နေဝင်းမြင့်၊ ဓာတ်ပုံ-နန်းထိုက် (KGD)