မော်ဒယ်လျှောက်ဖို့အတွက် အသက်အရွယ်က အတားအဆီးဖြစ်မနေကြောင်း

၁၅ ဇန်နဝါရီ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က အသက် ၅၆ နှစ်အရွယ်မော်ဒယ် မရင်ဟောင်းဟာ ပန်းပွင့်ဒီဇိုင်းပါတဲ့ အရောင်တောက်တောက် အင်္ကျီကို ဝတ်ဆင်ထားပြီး သူမရဲ့ ဆံပင်ခပ်တိုတိုကို ရွှေအိုရောင် ဆိုးဆေး ဆိုးနေတာကို တွေ့ရပါတယ်။

မရင်ဟောင်းဟာ အခုဆိုရင် နိုင်ငံတကာက ဒီဇိုင်းနာတံဆိပ်တွေ ဖြစ်တဲ့ D&G အထိပါ မော်ဒယ်လျှောက်နေရသူ ဖြစ်လာပါပြီ။ သူမဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

မရင်ဟောင်း က “အဝတ်အစားကောင်းကောင်း မဝတ်ဘဲ မိတ်ကပ်မလိမ်းဘဲ အပြင်ကို ထွက်လေ့မရှိဘူး။ ဘယ်တော့မှ အသက်ကြီးကြီး အဘွားပုံစံမနေဘူး။ ကျန်းမာအောင်နေတယ်။ အသက်ရှုလေ့ကျင့်ခန်း နှင့် အားကစားရုံမှာ လေ့ကျင့်ခန်း အမြဲလုပ်တယ်။ ကျန်းမာနေမှ မော်ဒယ်ဆက်လျှောက်နိုင်မှာ။ ဖက်ရှင်လောကမှာ အသက်က ကန့်သတ်မှုမရှိဘူး” လို့ ပြောပါတယ်။

 

mdn

 

၁၉၈၀ ပြည့်နှစ်များက မရင်ဟောင်းဟာ ဂျပန်နိုင်ငံမှာ ဖက်ရှင်ဒီဇိုင်းသင်ကြားဖို့ ရွှေ့ပြောင်းခဲ့ပေမယ့် သင်တန်းဈေးကြီးတဲ့အတွက် ဖက်ရှင်သင်တန်း ပြီးအောင် မတတ်နိုင်ခဲ့ဘဲ ဖြစ်ခဲ့ရပါတယ်။ အဲဒီချိန်ကစပြီး ဖက်ရှင်လောကနဲ့ အလှမ်းဝေးနေခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်က ရှန်ဟိုင်းဖက်ရှင်ဟောက်စ်ကို သူမရဲ့ဓာတ်ပုံပို့ပြီး အလုပ်လျှောက်ခဲ့ရာမှ အခုလို ဖက်ရှင်လောကထဲ ရောက်ရှိလာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၅၀ အရောက်မှာ တရုတ်နိုင်ငံတွင် အသက် ၆၀ ကျော်မယ့် လူဦးရေဟာ ၄၈၇ သန်း ဖြစ်လာမှာဖြစ်ပါတယ်။ တနည်းအားဖြင့် အဲဒီလူဦးရေဟာ အမေရိကန်ပြည်ထောင်စုမှာ ရှိမယ့် လူဦးရေထက် များပြားတယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းဌာနထုတ် သတင်းအရသိရပါတယ်။ အသက်ကြီးလူဦးရေ တိုးများလာတာနှင့်အမျှ ဝင်ငွေလည်းမြှင့်လာမယ်ဆိုရင် အဆင့်အတန်း ရှိရှိနေထိုင်နိုင်တယ်။ ဒါဟာဆိုရင် လာမယ့် ဆယ်စုနှစ်တွေ အတွင်းမှာ ပင်စင်စားအရွယ်တွေဟာ ဈေးကွက်ရဲ့ အဓိက စားသုံးသူများဖြစ်လာဖြစ်ပါတယ်။

MDN
ကိုးကား- AFP

 

mdn