မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနသို့ နိုင်ငံခြားသားဧည့်သည်များ လာရောက်လေ့လာ

မြောက်ဦး ၁၆  ဇန်နဝါရီ   


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကမ္ဘာလှည့် နိုင်ငံခြားသားဧည့်သည်များက လာရောက်လေ့လာခဲ့ကြသည်။


အဆိုပါ ကမ္ဘာလှည့် နိုင်ငံခြားသားဧည့်သည်များက မြောက်ဦးခရိုင် လူထုအခြေပြုဗဟို ဌာနတွင်ဖွင့်လှစ်ထားသော ရခိုင်ပြည်နယ် တိုင်ရင်းသားမျိုးနွယ်စုပြခန်းရှိ ခင်းကျင်းပြသ ထားသော ရိုးရာယဉ်ကျေးမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ဒေသထွက် အသုံးအဆောင် ပစ္စည်းများပြခန်း၊ တူရိယာပစ္စည်းများ၊ ရခိုင်ရှေးဟောင်းယဉ်ကျေးမှု သမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီတော်များ၏ ဓာတ်ပုံမှတ်တမ်းများနှင့် ကျောက်စာမှတ်တမ်း ဓါတ်ပုံများအား ဝင်ရောက်လေ့လာကြည့်ရှုရာ ခရိုင်ဦးစီးမှူး ဦးတင်ရွှေက လိုက်လံရှင်းလင်း ပြသခဲ့သည်။


ထို့နောက် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၊ စာအုပ်၊ စာစောင်များထားသို ထိန်းသိမ်းထားရှိမှုနှင့် မူးယစ်ဆေးဝါဆိုင်ရာ အသိပညာပေး နံရံကပ်ဓါတ်ပုံများ၊ ခင်းကျင်းပြသထားသော မှတ်တမ်းဓါတ်ပုံများနှင့် စာအုပ်စာပေများကို စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။


MDN