မောင်တောမြို့နယ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်လိုက်ပါလာသော မော်တော်ယာဉ်အား ARSA အကြမ်းဖက်အဖွဲ့က ချောင်းမြောင်းပစ်ခတ်၊ ၆ ဦးဒဏ်ရာရရှိ

နေပြည်တော် ၁၉ ဇန်နဝါရီ 

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသော မော်တော်ယာဉ်အား ARSA အကြမ်းဖက်အဖွဲ့က ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး   ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အမှတ် (၂) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော မော်တော်ယာဉ်အား ဇန်နဝါရီ ၁၆ ရက်  မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် မောင်တောမြို့နယ် ဝက်ကျိန်း ကျေးရွာတံတားအနီး၌ ARSA အကြမ်းဖက်အဖွဲ့က အင်အား ၁၀ ဦးခန့်က လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံ (ဘူးသီးတောင်) သို့ပို့ဆောင်၍ ကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ရရှိသော အထောက်အထားများအရ ယခုဖြစ်စဉ်မှာ ARSA အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ARSA အကြမ်းဖက်အဖွဲ့သည် မေယုတောင်တန်း၏ အနောက်ဘက်ခြမ်းတွင် လည်းကောင်း၊ AA သောင်းကျန်းသူ အဖွဲ့သည် မေယုတောင်တန်း၏ အရှေ့ဘက်ခြမ်းတွင်လည်းကောင်း နှစ်ဖွဲ့ ညှိနှိုင်းချက်ဖြင့် နယ်မြေပိုင်းခြားလှုပ်ရှားနေခြင်းဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သုံးသပ်ထားကြောင်း သိရသည်။

 

(သတင်းစဉ်)