မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံးမီးလောင်

ငပုတော   ၁၉   ဇန်နဝါရီ      

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၊ မြို့ပတ်လမ်း၊ မြောက်ပိုင်းရပ်ကွက်နေ ဦးဝင်းအောင်၏ နေအိမ်တွင် ဇန်နဝါရီ ၁၈ ရက်နေ့ည ၇ နာရီ မိနစ် ၅၀  အချိန်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ၎င်း၏နေအိမ်တွင် ယောက္ခမဖြစ်သူ ဒေါ်စောချစ် တစ်ဦးတည်းနေထိုင်ကာ ထမင်းချက်ပြုတ် စားသောက်ပြီး နေအိမ်အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ် အိမ်နောက်ဖေးထင်းမီးဖို မီးကြွင်းမီးကျန်မှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးစတင်လောင်ကျွမ်းရာ နေအိမ်သို့ ဒုမီးသတ်ဦးစီးမှူး ဦးမင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အနီးနားရှိပြည်သူများ၏ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မီးငြိမ်းသွားခဲ့ပြီး ဘေးနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးကိုပေါ့ဆစွာ အသုံးပြုသူ ဒေါ်စောချစ်(၆၂)နှစ်အား ငပုတောမြို့ရဲစခန်း၌ အမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)